Recipes | ဘဲဥ - Duck Eggs | အသုပ် - Salad

ဆေးဘဲဥ ဟင်းနုနွယ်ကြော်

February 5, 2016

ဆေးဘဲဥ ဟင်းနုနွယ်ကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ဟင်းနုနွယ် ၁စည်း
  • ဆေးဘဲဥ ၁လုံး
  • ကြက်သွန်ဖြူ
  • ငရုတ်သီးစိမ်း
  • ဆား
  • သကြား
  • ကော်မှုန်
  • နှမ်းဆီမွှေး
  • ငရုတ်ကောင်း
  • ပဲငံပြာရည်အကြည်

ပြင်ဆင်ပြုလုပ်နည်း

  1. ဟင်းနုနွယ်ကို ရေဆေးပြီး ချွေပါ။ပြီးရင် ရေစိမ်ထားပါ။
  2. ဆေးဘဲဥ ကို လှီးထားပါ။
  3. ရေဆူဆူတွင် ဟင်းနုနွယ်ကို ထည့်ပြုတ်ပါ။၂မိနစ် ခန့်ကြာ လျှင်ဆယ်ပြီး ရေအေးတွင်စိမ် ဆယ်ပြီးရေစစ်ထားပါ။
  4. ဆီအနည်းငယ် ကြက်သွန်ဖြူ ကို ဆီသတ်ပါ။ဆေးဘဲဥထည့် ပါ။ဆား သကြား ငရုတ်ကောင်း ပဲငံပြာရည်အကြည် ထည့်ပါ။
  5. ရေနွေးအနည်းငယ်ထည့်ပါ။ကော်မှုန့်ရေဖျော်ထည့်ပါ။ငရုတ်သီးစိမ်း ကြိုက်ရင် ခြမ်းထည့်ပါ။နှမ်းဆီမွှေး ထည့်ပါ။
  6. ပြီလျှင် ဟင်းနုနွယ် ပေါ်လောင်းချပါ။(သို့)အိုးထဲ ဟင်းနုနွယ်ထည့် ပြီး မွှေ၍ ချပါ။
Credit: ချက်ကြည့်ကြစို့

Review

User Rating

0 (0 Votes)