Recipes

တောင်ငူမုန့်ရေဖျော် (မုန့်ဟင်းခါး)

December 14, 2015

တောင်ငူမုန့်ရေဖျော် (မုန့်ဟင်းခါး)

Share this on:

တောင်ငူမြို့တွင် မုန့်ဟင်းခါးကို မုန့်ရေဖျော်၊ မုန့်ဟင်းရေ ကို မုန်ရေကြဲ ဟုခေါ်ဝေါပါသည်။ တောင်ငူမြို့၏ ဒေသစာဖြစ်ပါသည်။ တောင်ငူမုန့်ဖတ်သည်လည်း အနည်းငယ် အလုံးပိုတုတ်ပြီး အခြား မုန့်ဟင်းခါးများနှင့် မတူသည့်အချက်မှာ မုန့်ပွဲထဲတွင် ခရမ်းချဉ်သီးပါးပါးလှီး၊ ကောက်ညှင်းဆန်လှော်မှုန့် ထဲ့ရ်ျ စား ကြ ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးခူ (သို့) ငါးကျီး
  • ဆန်လှော်
  • ကောက်ညှင်းဆန်လှော်မှုန့်
  • စပလင်
  • နနွင်းမှုန့်
  • ငံပြာရည်
  • ဆား
  • ကြက်သွန်ဖြူ
  • ကြက်သွန်နီ
  • ကြက်သွန်နီ ဥသေး
  • ဂျင်းအနည်းငယ်
  • ဆီ
  • ပဲသီး
  • ခရမ်းချဉ်သီး
  • တောင်ငူမုန့်ဖတ်
  • ကောက်ညှင်းဆန်လှော်မှုန့် ( တောင်ငူက မှာပါတယ်)
  • ပဲကပ်ကြော် ( တောင်ငူက မှာပါတယ်)

ပြုလုပ်နည်း

  1. ငါးခူ (သို့) ငါးကျီး ကို စပလင်၊ နနွင်း၊ ငံပြာရည်၊ ဆား ထဲ့ ပြုတ်ပါ။
  2. ငါးကို အသားနွှင်၊ အရိုးကိုထောင်းပြီး အရေဖျော်ရ်ျ ဇကာ နဲ့ စစ်ထားပါ။ ( အရည်မည်းတဲ့ အကြောင်းအရင်းပါ)
  3. ကြက်သွန်ဖြူ၊ ကြက်သွန်န်နီ မညက်တညက်ထောင်းပြီး၊ ဂျင်းအနည်းငယ် နဲ့ ဆီအနည်းငယ်ထည့်ရ်ျ ဆီသတ်ပါ။
  4. ပြီးလျှင် အရိုးထောင်းထားတဲ့ ပြုတ်ရေထဲ့ ရေလိုသလောက်ထဲ့ ပြုတ်ရေကျအောင်တည်ပါ။
  5. ဆန်လှော်ထောင်း ဟင်းရည်ပွက်လျှင် ကြက်သွန်နီဥအသေး ခွာပြီးထဲ့ပါ။
  6. အရသာမြည်း ပြီးလိုအပ်တဲ့ အရသာထဲ့ပြီးလျှင် ဟင်းရည်အိုးရပါပြီ။
  7. ပဲသီး ပါးပါးလှီးရ်ျ ရေနွေးဖျောပါ။
  8. နံနံပင် နှင့် ခရမ်းချဉ်သီးပါးပါးလှီးထားပါ။
  9. မုန့်ဖတ်ထဲ့မှာ ခရမ်းချဉ်သီး ပါးပါးလှီး၊ ပဲသီး၊ နံနံပင်၊ ကောက်ညှင်းဆန်လှော်မှုန့်၊ ငြုပ်သီးမှုန့်၊ ပဲကြော်ချေထဲ့ ကြက်သွန်ဖြူ ဆီချက်ထဲ့ပြီးလျှင် ဟင်းရည် လောင်းထဲ့ပြီး စားနိုင်ပါပြီ။
Credit: Eric Moon