ကြက်သား ပန်းပွင့်စိမ်း ခရုဆီကြော်

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်သား
  • ကြက်ရိုးအရည်
  • ပန်းပွင့်စိမ်း
  • ပဲငံပြာရည်အကြည်
  • ပဲငံပြာရည်အနောက်
  • ခရုဆီ
  • သကြား
  • ကော်မှုန့်
  • ဆား
  • ရေအေး

ပြုလုပ်နည်း

  1. ရေကို ဆားအနည်းထည့်ပြီး ဆူအောင်တည်ပြီး Broccoli ကို ခဏမျှထည့်ပြီး ရေအေးတွင် ချက်ချင်း ပြောင်းထည့်ပါ။ ပြီးလျှင် ရေစစ် ထားပါ။
  2. Sauce လုပ်ရန် - ကြက်ရိုးအရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ ခရုဆီ၊ သကြား တို့ကို ခွက်တခွက်တွင် ရောထားပါ။ ကော်မှုန့်ကို ရေဖြင့် ခွက်တခွက်တွင် ဖျော်ထားပါ။
  3. အသားကိုပဲငံပြာရည်အကြည်၊ ကော်မှုန့် တို့နဲ့ နယ်ပြီး ၁၅ မိနစ်ခန့် နှပ်ထားပါ။
  4. ကြက်သားကို ဆီပူထဲတွင် ၆မိနစ်ခန့် ရဲလာအောင် ကြော်ပါ။
  5. ကြက်သားများကို ဆယ်ထားပြီး လက်ကျန် ဆီထဲတွင် ဥနီကို အရင် ထည့်ပါ။
  6. ပြီးလျှင် ပန်းပွင့်စိမ်း ထည့်ပါ။ ပြီးလျှင် ကြက်သား ထည့်ပါ။
  7. ပဲငံပြာရည် နှင့် ခရုဆီ စပ်ထားသော Sauce ထည့်ပြိး သမအောင်မွှေပါ။
  8. ကော်ရည် ထည့်ပါ။
  9. ဆား၊ အချိုမှုန့် အနည်းငယ် ထည့်ပါ။
  10. နှံ့အောင် မွှေပြီး အရသာ အနေတော် ဖြစ်ပြီဆိုရင် သုံးဆောင်လို့ ရပါပြီ။
Credit: Khinkhin Gyi

Review

User Rating

4.1 (8 Votes)