အရမ်းလွယ်ကူပြီး ဥရောပ မနက်စာ (Breakfast) မှာနာမည်ကြီးပြီး ပြုလုပ်ရတာလည်း အရမ်းလွယ်ကူတဲ့ Avocado Toast (ပေါင်မုန့်မီးကင် ထောပတ်သီးသုတ်) ပြုလုပ်ပုံလေး ပြောပြမယ်။

ပါဝင်ပစ္စည်းများ

ပေါင်မုန့် – ၁ ချပ်

ထောပတ်သီး – ၁ လုံး

ကြက်ဥ – ၁ လုံး

Sriracha (ငရုပ်ဆီ) – ၁ဇွန်း(လက်ဖက်ရည်ဇွန်း)

Olive Oil (ဟင်းချက်သံလွင်ဆီ) – ဇွန်းဝက် (လက်ဖက်ရည် ဇွန်း)

ငရုပ်ကောင်းမှုန့်

ဆား – အနည်းငယ်

ပြုလုပ်နည်း

ပထမဆုံး ထောပတ်သီး တစ်လုံးကို အလည်က ခြမ်းပြီး အစေ့ထုတ်ကာ အသားများကို ပန်းကန်ထဲ ခြစ်ထည့်ပါ။ (ပေါင်မုန့် တစ်ချပ်အတွက် ထောပတ်သီး တစ်ခြမ်းသာ သုံးရန်လိုပါသည်။)

Sriracha -ငရုပ်ဆီ တစ်ဇွန်း၊ ဟင်းချက် သံလွင်ဆီ ဇွန်း တစ်ဝက်၊ ဆားအနည်းငယ်နှင့် ငရုပ်ကောင်းမှုန့် အနည်းငယ်ထည့်ပြီး သမအောင်မွှေပေးပါ။

ပေါင်မုန့်ကို မီးကင်စက်ဖြင့် ကင်ပါ။ (မီးကင်စက် မရှီပါက မီးဖိုပေါ်တွင် ညှပ်ဖြင့် ကင်၍ ရပါသည်။ မတူးစေရန် ဂရုစိုက်ပါ။)

ပေါင်မုန့် မီးကင်ပေါ်သို့ အသင့်ပြုလုပ် ထားသည့် ထောပတ်သီးဆော့ဖြင့် အပြည့်သုတ်ကာ အပေါ်တွင် ကြက်ဥ တစ်လုံးကို ကြော်၍ တင်ကာ အသင့် စားသုံးနိုင်ပါသည်။

အလွန် အရသာ ထူးပြီး စားကောင်းလှသည့် မနက်စာ မီနူး တစ်ခုဖြစ်ပါသည်။

(မှတ်ချက်။ ။ ထောပတ်သီးအပေါ်တွင် မိမိ ကြိုက်နှစ်သက်ရာ ခရမ်းချဉ်သီးကို အကွင်းလိုက်လှီး၍ ဖြစ်စေ၊ ဆလက်ရွက် တင်၍ဖြစ်စေ၊ အသားပြားတင်၍ဖြစ်စေ စားသုံးလို့ ရပါသည်။ Sriracha Chili ဆော့မရလျှင် အခြားအစပ် အရသာ ပါသော ငရုပ်ဆီဆော့ထည့်၍ ပြုလုပ်နိုင်ပါသည်)

Credit: ဇွဲသုသု