အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ ပန်းဂေါ်ဖီစိမ်းနဲ့ မုန့်ကြွပ်ဘယ်လိုပြုလုပ်လို့ရသလဲဆိုတာ ဝေမျှပေးချင်ပါတယ်။ ကိုယ့်အိမ်မှာပဲ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့အတွက်ကြောင့် ကိုယ့်မိသားစုအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့အစားအစာလေးကို ကိုယ်တိုင်ဖန်တီးလိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

  • ပန်းဂေါ်ဖီစိမ်း ၁၆ အောင်စခန့်
  • ကြက်သွန်နီ တစ်ခြမ်း (ပါးပါးလှီးထားပါ)
  • ကြက်သွန်ဖြူ ၂ မွှာ (နုတ်နုတ်စင်းထားပါ)
  • ပေါင်မုန့် အကြေအစများ ပန်းကန်လုံး လေးပုံ သုံးပုံခန့်

  • ကြက်ဥ ၂ လုံး (မွှေခလောက်ထားပါ)
  • အတုံးသေးသေး လှီးဖြတ်ထားသော ဒိန်ခဲ ပန်းကန်လုံး တစ်ဝက်ခန့်
  • ဟင်းရွက်ဆီ စားပွဲတင်ဇွန်း တစ်ဇွန်းနဲ့ တစ်ဝက်ခန့်
  • ဆား
  • ငရုတ်ကောင်း

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးကို မီးအပူပေးထားပြီး ဟင်းရွက်ဆီထည့်ကာ ကြက်သွန်နီနဲ့ ကြက်သွန်ဖြူများကို ၇ မိနစ်ခန့် ကြော်လှော်ထားပါ။

ပန်းဂေါ်ဖီစိမ်းများကို ရေစင်အောင် ဆေးထားပြီး ရေအခြောက်ခံကာ အတုံးခပ်သေးသေးလှီးထားပါ။

ပေါင်မုန့်အကြေအစများ ပန်းဂေါ်ဖီပန်းကန်ထဲသို့ ထည့်လိုက်ပါ။ မွှေခလောက်ထားသော ကြက်ဥများ ထည့်ပြီး နယ်ပေးလိုက်ပါ။ ထို့နောက် ဒိန်ခဲ၊ ကြော်ထားသော ကြက်သွန်နီ၊ ကြက်သွန်ဖြူများထပ်ထည့်ပြီး ဆား၊ ငရုတ်ကောင်းထည့်ကာ သမအောင် သေချာနယ်ပေးလိုက်ပါ။

Oven ကို အပူချိန် ၄၀၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်ပြီး အပူပေးထားပါ။ ကင်မယ့်လင်ဗန်းနဲ့ ခဲဖတ်အပြား (အလူမီနီယံပြား) ကို ဟင်းရွက်ဆီ သုတ်လိမ်းထားလိုက်ပါ။ ထို့နောက် မုန့်ကြွပ်အဝိုင်းပုံသဏ္ဍာန် ပြုလုပ်ရပါမယ်။

ပုလင်း အဖုံး တစ်ခုယူပြီး ပလပ်စတစ်အိတ်ခံထားကာ ထိုပုလင်းအဖုံးပေါ်သို့ ပန်းဂေါ်ဖီအရောအနှောများ သိပ်ထည့်ကာ လက်ကလေးနဲ့အသာအယာဖိချလိုက်ပါ။ ပလပ်စတစ်အိတ်ခံထားရခြင်းက မုန့်အဝိုင်းကို အလွယ်တကူ ဖယ်ရှားနိုင်ဖို့အတွက်ပဲဖြစ်ပါတယ်။

ပြုလုပ်ပြီးတဲ့ မုန့်ဝိုင်းများကို လင်ဗန်းထဲ ထည့်ထားလိုက်ပါ။

ထို့နောက် Oven ထဲမှာ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

၁၅ မိနစ်ပြည့်ပါက Oven ထဲက ပြန်ထုတ်ပြီး နောက်တစ်ခြမ်းထပ်လှန်ကာ ၁၀ မိနစ်ခန့် Oven ထဲ ပြန်ထည့်ထားပါ။

၁၀ မိနစ်ပြည့်လို့ Oven ထဲက ထုတ်ပြီးတဲ့အခါမှာတော့ ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းတဲ့ ပန်းဂေါ်ဖီစိမ်း မုန့်ကြွပ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com