ပုစွန်ကြိုက်နှစ်သက်သူတွေအတွက်တော့ သွားရေယိုမယ့် အသားညှပ်ပေါင်မုန့် (Sandwich) လေးပါနော်။

အရသာလည်းရှိပြီး အချိန်လည်းမကုန်တဲ့အပြင် အလွယ်တကူလည်း လုပ်စားလို့ရပါတယ်။

ပါဝင်ပစ္စည်းများ (လူ၂ ယောက်၊ ၃ ယောက်စာ)

  • ချိစ် ၂၀၀ဂရမ် (သို့) ချိစ်အပြား ၁ ထုပ်စာ
  • ပုစွန် ၁၅၀ ဂရမ် (ပုစွန်အသေးလေးတွေသုံးလို့ရတယ်နော်)
  • ခရမ်းချဉ်သီး ၂လုံး
  • ကြက်သွန်ဖြူ ၂ ဥ

  • မိုင်ယိုးနိစ် (Mayonnaise) စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပေါင်မုန့် ၈ ချပ်
  • နံနံပင် အနည်းငယ်

ပြုလုပ်နည်း

ချိစ်အတုံးကို အပြားလေးတွေ လှီးပါ။

ပုစွန်ကို ဆီလေးနဲ့ မွှေးမွှေးလေးကြော်လိုက်ပါ။ ဒါမှမဟုတ် ပုစွန်ကို ပြုတ်လည်းရပါတယ်။

ခရမ်းချဉ်သီးကို ပါးပါးလေး လှီးပါ။

ကြက်သွန်ဖြူကို ပါးပါးလေးလှီးတာ သို့မဟုတ် ဓားပြားရိုက်ပြီး Mayonnaise နဲ့ နယ်လိုက်ပါ။

ပေါင်မုန့်ပေါ်မှာ သုတ်လိမ်းပေးပါ။ အဲ့နောက် ပေါင်မုန့်ပေါ်ကို ခရမ်းချဉ်သီး၊ နံနံပင်၊ ပုစွန် နဲ့ ချိစ်တို့ တင်လိုက်ပါ။

အသားညှပ်ပေါင်မုန့်ကို မီးဖိုပေါ်မှာ အနည်းငယ်ကင်လိုက်ပြီး ချိစ်တွေကို ပျော်အောင်လုပ်ပါ။ ဒါဆိုရင် အရသာရှိတဲ့ အသားညှပ်ပေါင်မုန့်ကို ရရှိပါပြီနော်။