ပါဝင်ပစ္စည်းများ

  • အမဲမိုးခိုသား
  • ကြက်သွန်နီ
  • ကြက်သွန်ဖြူ
  • ကြက်သွန်မြိတ်
  • ချင်း
  • ခရုဆီ
  • ပဲငံပြာရည်(အချို)
  • ဆန်အရက်
  • နှမ်းဆီမွှေး
  • သံလွင်ဆီ

ပြုလုပ်နည်း

  1. အမဲမိုးခိုသားကို ပါးပါးလှီးပြီး သံပရာသီး၊ ဆား ငရုတ်ကောင်းမှုန့်၊ ခရုဆီ၊ ပဲငံပြာရည် (အချို)၊ နှမ်းဆီမွှေးတို့ဖြင့် အရသာသွင်းပါ။
  2. ကြက်သွန်နီ၊ ကြက်သွန်ဖြူမြိတ်၊ ချင်း၊ ကြက်သွန်ဖြူ တို့ကို လှီးပါ။
  3. ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို သံလွင်ဆီဖြင့် ဆီသတ်ပါ။
  4. အမဲမိုးခိုသားကျင်လျှင် ငရုတ်ကောင်း၊ ခရုဆီ၊ ပဲငံပြာရည် (အချို)၊ ဆန်အရက်၊ နှမ်းဆီမွှေးနှင့် ကြက်သွန်မြိတ်ထည့်ပါ။