အားလုံးပဲ မင်္ဂလာပါ။ ကိုရီးယားအစားအစာ ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာတော့ အမဲသားအစာသွပ် အာလူးမီးဖုတ်ဟင်းလျာပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ပါဝင်ပစ္စည်းကလည်း ခြောက်မျိုးပဲပါဝင်တဲ့အပြင် ပြုလုပ်ပုံအဆင့်ဆင့်ကလည်း ရိုးရှင်းတာကြောင့် မိမိအိမ်မှာပဲ အလွယ်တကူချက်ပြုတ်ပြင်ဆင်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

Source: Theglobeandmail.com

  • အမဲသား ဝ.၅ ပေါင် (နုတ်နုတ်စင်းထားပါ)
  • ကြက်သွန်နီ အကြီး တစ်ခြမ်း

  • အာလူးအကြီး ၂ လုံး
  • ထောပတ် တစ်လက်မပတ်လည် အတုံး ၂ တုံး
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် စားပွဲတင်ဇွန်း ၅ ဇွန်းခန့်

ပြုလုပ်နည်းအဆင့်ဆင့်

အရင်ဦးဆုံး Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ အာလူးကို ရေဆေးပြီးနောက် ခက်ရင်းနဲ့ အာလူးကို နေရာအနှံ့ထိုးဆွထားပါ။ ထို့နောက် Oven ထဲထည့်ပြီး တစ်နာရီခွဲခန့် မီးဖုတ်ထားပါ။

ကြက်သွန်ကို ထူထူလေးလှီးဖြတ်ထားပါ။

ဒယ်အိုးကို အပူပေးပြီးနောက် ဆီထည့်ကာ ကြက်သွန်ထည့်ကြော်လိုက်ပါ။ ကြက်သွန်များ နူးညံ့ပျော့ပျောင်းလာပြီဆိုမှ အမဲသားထည့်ပြီး အမဲသားကျက်သည်အထိ မွှေပေးလိုက်ပါ။

အာလူးဖုတ်ထားသည့်အချိန်ပြည့်သွားပြီဆိုပါက Oven ထဲမှထုတ်ပြီး အာလူးကို တစ်ဝက်ခြမ်းကာ အလယ်တည့်တည့်မှာ ထောပတ်အတုံး ထည့်လိုက်ပါ။ ကြော်ထားသော အမဲသားနှင့် ကြက်သွန်များကိုပါ အာလူးကြားထဲထည့်ညှပ်ထားပါ။

ထို့နောက် အာလူးကို ဒယ်အိုးထဲထည့်ပြီး အာလူးအပေါ်တွင် ချိစ်များ ဖြူးလိုက်ပါ။ ချိစ်များအရည်ပျော်သွားသည်အထိ ဒယ်အိုးပေါ်တွင် အပူပေးပါ။ ချိစ်များအရည်ပျော်သွားပြီဆိုရင်တော့ ဒယ်အိုးပေါ်ကချလိုက်လို့ရပါပြီ။ ချက်ချင်းမချသေးဘဲ အနည်းငယ် ထပ်မံပြင်ဆင်ပေးလို့လည်းရပါတယ်။

အာလူးထဲသို့ ခရင်မ်အနည်းငယ်၊ လှီးဖြတ်ထားသော ကြက်သွန်မြိတ်ထပ်ထည့်ပြီး နှမ်းစေ့များပါ ထပ်ဖြူးလိုက်ပါ။ ကင်ချီထပ်ထည့်လို့လည်း ရပါတယ်။ ဒါဆိုရင်တော့ ကိုရီးယားအစားအစာတစ်မျိုးဖြစ်တဲ့ အမဲသားအစာသွပ် အာလူးမီးဖုတ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: Kitchenbowl.com