အားလုံးပဲ မင်္ဂလာပါ။ နေ့စဉ်နေ့တိုင်းစားသုံးနေတဲ့ ဟင်းလျာတွေကို ပုံစံတစ်မျိုးတည်း ထပ်ခါတလဲလဲ စားသုံးနေရမယ်ဆိုရင် ရိုးအီသွားတတ်ပါတယ်။ တစ်ခါလာလည်း ကြက်သားဆီပြန်ဟင်းချက်လိုက်၊ ကြက်သားအစပ်ချက်လိုက်နဲ့ ရိုးအီနေကြပြီမလား။

ဒါ့ကြောင့် ဟင်းလျာအသစ်အဆန်းတစ်မျိုးဖြစ်တဲ့ ထောပတ်အရသာ ကြက်သားမုန့်ဝိုင်း ပြုလုပ်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်ရင်အုံသား ၁၈ အောင်စခန့်
  • ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ ၃ မွှာ (ပါးပါးလှီးထားပါ)
  • အချောင်းလိုက် ခြစ်ချထားသော ချိစ် ပန်းကန်လုံး ၄ ပုံ ၃ ပုံခန့်

  • ကြက်ဥ ၁ လုံး
  • Heavy ခရင်မ် ပန်းကန်လုံး ၁ လုံး
  • ထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

စဉ်းနီတုံးပေါ်မှာ ကြက်သားကို အလေးတုံးနဲ့ထုလိုက်ပြီး အသားတုံးများကို ပါးပါးလှီးဖြတ်ထားပါ။ ထို့နောက် ပန်းကန်လုံးလေးထဲ ပြောင်းထည့်ထားပါ။

ထိုပန်းကန်လုံးထဲသို့ ကြက်ဥဖောက်ထည့်လိုက်ပါ။ ဆားအနည်းငယ်နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး သမအောင်ရောမွှေပေးလိုက်ပါ။

ထို့နောက် Oven ကို အပူချိန် ၃၆၀ ဒီဂရီဖာရင်ဟိုက်နဲ့ ကြိုတင်အပူပေးထားပါ။

ပြီးတဲ့အခါ ကိတ်မုန့်လုံးဖုတ်တဲ့အခါ အသုံးပြုတဲ့ လင်ဗန်းကို ထောပတ်၊ ခရင်မ်တို့နဲ့ သုတ်လိမ်းထားလိုက်ပါ။

ထို့နောက် စောစောကနယ်ထားတဲ့ ကြက်သားများကို ပုံစံခွက်လေးထဲထည့်လိုက်ပါ။ အပြည့်မထည့်ဘဲ အပေါ်ပိုင်းမှာ နေရာနည်းနည်းချိန်ထားလိုက်ပါ။ ထို့နောက် Oven ထဲမှာ ၁၀ မိနစ်၊ ၁၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

ထိုအချိန်မှာ ချိစ်၊ ကြက်သွန်ဖြူနဲ့ ခရင်မ်တို့ကို သေချာရောမွှေပေးလိုက်ပါ။

Oven ထဲထည့်ထားတဲ့ လင်ဗန်းကို အချိန်ပြည့်တဲ့အခါ အပြင်ထုတ်ထားလိုက်ပြီး စောစောကမွှေထားတဲ့ ခရင်မ်တွေကို ထပ်ဖြည့်ထည့်လိုက်ပါ။

ထို့နောက် Oven ထဲမှာ ၁၅ မိနစ်၊ မိနစ် ၂၀ လောက် ထည့်ဖုတ်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ထောပတ် ကြက်သားမုန့်ဝိုင်းကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။ သရေစာမုန့်အနေနဲ့လည်း စားသုံးလို့ရသလို၊ ထမင်းစားတဲ့အခါလည်း ဟင်းလျာအနေနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

Source: www.mydeliciousmeals.com