အားလုံးပဲမင်္ဂလာပါ။ အခုတစ်ခါမှာတော့ အသီးအရွက်ကြော်နည်းလေးကို ပြောပြပေးချင်ပါတယ်။ အလွယ်တကူ ရှာဝယ်ရလွယ်ကူပြီး အမြဲကြော်စားလေ့ရှိတဲ့ ဂေါ်ဖီကြော်ကိုမှ ပိုပြီးအရသာရှိသွားအောင် တစ်မျိုးလေးပြောင်းပြီး ကြော်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့တစ်ဝက်
  • စီချွမ်ငရုပ်ကောင်းစေ့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုပ်တောင့်ခြောက် – ၂ တောင့်
  • ဂေါ်ဖီထုပ် (လှီးပြီးသား) – ၁ ထုပ်နဲ့တစ်ဝက်
  • ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ချက်ပြုတ်ပုံ

၁။ ဒယ်အိုးစောက်ကို အနေတော်မီးမှာ အပူပေးပြီး အိုးပူလာပြီဆိုရင် ဆီနဲ့ စီချွမ်ငရုပ်ကောင်းစေ့တွေထည့်ပါ။

၂။ ငရုပ်ကောင်းစေ့အနံ့လေးတွေ မွှေးလာပြီး အညိုရောင်သမ်းလာတဲ့အထိ မွှေပေးပါ။

၃။ မီးလျှော့လိုက်ပြီး ငရုပ်ကောင်းစေ့တွေကို ဂေါ်ပြားနဲ့ကော်ထုတ်လိုက်ပြီး ခဏဘေးဖယ်ထားပါ။

၄။ ဖယ်ပြီးရင် မီးကို အနေတော်ဖြစ်အောင်ပြန်တင်လိုက်ပြီး ငရုပ်တောင့်နဲ့ ဂေါ်ဖီလှီးပြီးသားတွေ ထည့်လိုက်ပါ။ ထည့်ပြီးတာနဲ့ စက္ကန့် ၃၀ ကြာအောင် ချက်ချင်းမွှေလိုက်ပါ။

၅။ ရှဲရှဲမြည်တဲ့ အသံလေးတွေကြားလာပြီဆိုရင် ဆားထည့်ကာ နွမ်းလာတဲ့အထိ ဆက်တိုက်မွှေနေပေးပါ။

၆။ မီးပိတ်လိုက်ပြီး ပဲငံပြာရည်ကို ဂေါ်ဖီတွေပေါ်မှာ ဆမ်းလိုက်ပြီး သေချာနှံ့သွားအောင် အကြိမ်အနည်းငယ်လောက်မွှေပေးပါ။

ပြီးရင်တော့ ပူပူလေး သုံးဆောင်နိုင်ပါပြီ။

Source: omnivorescookbook.com