အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး စားလို့ကောင်းတဲ့ မှိုကြက်သားလေး ချက်စားရအောင်ပါ။

ပါဝင်ပစ္စည်း

  • ကြက်သား
  • မှို
  • ဂျင်း၊ ငရုတ်သီး၊ နာနတ်ပွင့်၊ ကြက်သွန်မြိတ်
  • ပဲငံပြာရည်အနောက်
  • ဝိုင်
  • သကြား၊ ဆား

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို အတုံးလေးတွေလှီးလိုက်ပါ။

ရေသေချာဆေးလိုက်ပါ။

မှိုကို ရေအေးနဲ့ ဆေးချလိုက်ပြီး ရေနွေးလေးနဲ့ မိနစ် ၃၀ လောက် စိမ်လိုက်ပါ။  ရေဆစ်ပေးထားပါ။

ဂျင်း၊ ငရုတ်သီး၊ နာနတ်ပွင့်၊ ကြက်သွန်မြိတ်တို့ကို သုံးပါမယ်နော်။ ဒါတွေကိုလည်း သေချာလေးလှီးချွတ်ထားလိုက်ပါ။

အိုးထဲကို ဆီထည့်လိုက်ပါ။

ဆီပူလာရင်တော့ ကြက်သားထည့်ကြော်လိုက်ပါ။

ကြက်သားအညိုရောင်သန်းသွားရင် ဂျင်းပါးပါးလှီး၊ ကြက်သွန်မြိတ်၊ နာနတ်ပွင့်၊ ငရုတ်သီးတို့ကိုထည့်လိုကပြီး သေချာမွှေပေးလိုက်ပါ။

အဲဒီနောက် ပဲငံပြာရည်အနောက်ထည့်လိုက်ပါ။

သကြား နဲ့ ဆား ထည့်ပါ။

ဝိုင်ထည့်ပါ။ ဒါမှမဟုတ် Rum လည်းထည့်နိုင်ပါတယ်။

မှိုထည့်လိုက်ပြီး သေချာမွှေပေးလိုက်ပါ။

မှိုစိမ်ထားတဲ့ရေကိုလည်း ထည့်နိုင်သလို၊ ရေနွေးနည်းနည်းလည်းထည့်နိုင်ပါတယ်။ ပိုပြီးနူးသွားအောင်လို့ပါ။ အဖုံးအုပ်ပေးထားပြိး မိနစ် ၃၀ ခန့်ထားထားလိုက်ပါ။

ပြီးရင်တော့ သုံးဆောင်လို့ရပါပြီနော်။

မှိုကြက်သားချက် နူးနူးအိအိလေး

Source: www.yumofchina.com

By: MyFood Myanmar