အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာရှိပြီး လူတိုင်းကြိုက်ကြတဲ့ ဖက်ထုပ်ပြုတ် ပူပူလေး လုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်သား (သို့) ဝက်သား ၁၀ သား
  • ကြက်သွန်ဖြူ အနည်းငယ်
  • ကြက်ဥအနည်းငယ်
  • ချင်း (ဂျင်း) အနည်းငယ်
  • ဆား အနည်းငယ်

  • သကြားအနည်းငယ်
  • ဂျုံမှုန့် တစ်ခွက်
  • ကော်မှုန့် အနည်းငယ်
  • ဟင်းခတ်မှုန့်အနည်းငယ်
  • ဆီအနည်းငယ်

  • တရုတ်မဆလာအနည်းငယ်
  • ပဲငံပြာရည်အပျစ်အနည်းငယ်
  • ကြက်သွန်မြိတ်၊ တရုတ်နံနံ အနည်းငယ်
  • ပဲငံပြာရည်အကြည် အနည်းငယ်
  • ဖက်ထုပ်ရွက်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သား (သို့) ဝက်သားကို ရေဆေးပြီး နုတ်နုတ်စဉ်းထားလိုက်ပါ။ ကြက်သွန်ဖြူကို အခွံနွှာထားလိုက်ပါ။ ကြက်ဥကိုလည်း အနှစ်ဖယ်ပြီးတော့ အကာပဲယူထားလိုက်ပါမယ်။

ဇလုံထဲကို ကြက်သား (သို့) ဝက်သားထည့်၊ ဆား၊ သကြား၊ ဟင်းခတ်မှုန့်၊ ချင်း၊ ကြက်သွန်၊ ကော်မှုန့်၊ ဂျုံမှုန့်၊ ပဲငံပြာရည်၊ ဆီ၊ မဆလာ တို့ကိုထည့်ပြီး သမအောင်မွှေလိုက်ပါ။ ပြီးရင် ကြက်ဥအကာကိုထည့်ပြီး မွှေပေးလိုက်ကာ နာရီဝက်လောက်နှပ်ထားပါ။

ပြီးရင်တော့ ဒီအစာပလာတွေကို ဖက်ထုပ်ရွက်နဲ့ ထုပ်ရမှာဖြစ်ပါတယ်။ ဖက်ထုပ်ရွက်က မာနေတာမို့ မထုပ်ခင်မှာ အပေါ်ကနေ ရေလေးနည်းနည်းဖြန်းပေးလိုက်ပါ။ အရွက်ပျော့သွားရင် အစာတွေကို ထည့်လုံးပေးလိုက်ပြီး ဖက်ထုပ်ထုပ်လိုက်ပါ။

ပြီးရင်တော့ ကြက်စွပ်ပြုတ်ရည်ထည့်လိုက်ပြီး ပွက်ပွက်ဆူအောင် သည်လိုက်ကာ ဖက်ထုပ်ကို ထည့်ပြုတ်လိုက်ပါမယ်။ ဖက်ထုပ်ပြုတ်ရင် အဖုံးမအုပ်ဘဲ ပြုတ်လိုက်ပါ။

ဖက်ထုပ်လေးတွေ နူးအိလာရင်တော့ ပန်းကန်ထဲထည့်လိုက်ပြီး ကြက်သွန်မြိတ်၊ နံနံ၊ ငရုတ်ကောင်းမှုန့်၊ ဆားလေးနည်းနည်းဖြူးပြီး သုံးဆောင်နိုင်ပါတယ်။ မုန်ညှင်းစိမ်းကြိုက်ရင်လည်း မှုန်ညှင်းစိမ်းကို ဖက်ထုပ်နဲ့အတူတူ ပြုတ်လိုက်ပြီး သုံးဆောင်နိုင်ပါတယ်နော်။

By: MyFood Myanmar