အာလူးကတ်တလိပ်ကြော်ကို စားရတာရိုးလာပါက ငါးကတ်တလိပ်ကြော်ကို အိမ်သားများနှင့်အတူ ပျော်ပျော်ရွှင်ရွှင်လုပ်စားကြည့်ပါ။

ပါဝင်ပစ္စည်းများ

  • ငါးဖယ်ခြစ် – ဆယ့်ငါးကျပ်သား
  • အာလူး – ဆယ့်ငါးကျပ်သား
  • ဆား၊ သကြား၊ နနွင်းမှုန့်  – အနည်းငယ်
  • ဂျုံမှုန့်  – တစ်ဆယ်သား
  • ဆီ – နှစ်ဆယ်သား

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်

အာလူးကိုသဲများစင်အောင် ရေဆေး၍ နူးအောင်ပြုတ်ပါ။

ပြီးလျှင် အအေးခံကာ အခွံနွှာပြီး ငါးဖယ်ခြစ်နှင့်အာလူးကို ဆား၊ သကြား၊ နနွင်းမှုန့်တို့ထည့်၍ ရောထောင်းပါ။

ပြီးလျှင် အနေတော်အလုံးလေးများ လုံးပြီး ဂျုံမှုန့်နဲ့အပေါ်အောက်လူးလှိမ့်ပေး၍ ဆီပူအိုးထဲ ထည့်ကြော်ပါ။

ကြော်တဲ့အခါမှာ အကျက်ညီအောင် အပေါ်အောက်လှန်ပေးပါ။

နီရဲပြီး ရွှေဝါရောင်သမ်းလာလျှင် ပန်းကန်ထဲဆယ်ထည့်လို့ ရပါပြီ။

အိမ်သားများနှစ်သက်ရာ အချဉ်ရည်၊ ဆော့စ်များနဲ့ တွဲဖက်စားသုံးလျှင် ပိုမိုကောင်းမွန်ပါတယ်။