မင်္ဂလာပါနော်။ နံပြားကို စားဖြစ်ကြမယ်လို့ထင်ပါတယ်။ နံပြားကြိုက်တဲ့သူတွေအနေနဲ့ တမူမတူ အရသာရှိရှိနဲ့ စားသုံးနိုင်ဖို့ နံပြားလိပ်လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ပဲ နံပြားလိပ်

နံပြား ၁ ချပ်

Black Bean ခွက် ၁/၄ ပုံ (ပဲကို ရှာရခက်ရင် မထည့်လည်းရပါတယ်။)

ထောပတ်သီး ၁ လုံး

ကြက်သွန်ဥ ၁/၄ ဥ

ငရုပ်သီးဆော့လ် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး ပဲကို ၈ နာရီလောက် ရေစိမ်ထားပါ။ ပြီးရင် မိနစ် ၂၀ လောက်ဆူအောင်သည်ပါ။ အဲဒီနောက် ရေဆစ်လိုက်ပြီး အေးအောင်ထားပါ။ အဲဒီနောက် ကြက်သွန်နီကို ပါးပါးလှီးလိုက်ပြီး ထောပီသီးကိုလည်း အတုံးသေးသေးလေးလှီးလိုက်ပါ။ ပြီးရင် ပါဝင်ပစ္စည်းတွေအားလုံးကို နံပြားပေးတင်ပြီး ဆား၊ ငရုတ်ကောင်း၊ ငရုတ်သီး ဆော့လ် ထည့်လိုက်ကာ လိပ်လိုက်ပါ။ ဒါဆို စားလို့ရပါပြီနော်။

၂။ ကြက်သားနံပြားလိပ်

မိမိအိမ်မှာ အလွယ်တကူ လုပ်စားလို့ရတဲ့ နံပြားလိပ်လုပ်နည်း (၂) မျိုး

ပါဝင်ပစ္စည်း

နံပြား ၁ ခု

ကြက်ရင်အုံသား တစ်ခြမ်း

ပဲပြုပ် ခွက် ၁/၄ ပုံ

ဆလတ်ရွက်၊ နံနံပင်၊ မုန်ညှင်း (မိမိကြိုက်နှစ်သက်ရာ အရွက်များထည့်နိုင်သည်။)

ဒိန်ချဉ်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ဆူအောင်သည်ပြီး တောက်တောက်စဉ်းလိုက်ပါ။ ပြီးရင် ပဲပြုတ်ရယ် ကိုယ်ထည့်မယ့် အရွက်တွေကို ရောပြီး ဒိန်ချဉ်နည်းနည်းနဲ့ နယ်လိုက်ပါ။ ပြီးရင်တော့ ဆော့လ်ကို နံပြားပေါ်မှာ ဖြူပေးလိုက်ပြီး ကြက်သား နုပ်နုပ်စဉ်းရယ် တခြားအရွက်တွေကို ရောလိုက်ပါ။ ဆား၊ ငရုတ်ကောင်းမုန့်ထည့်ပြီး လိပ်လိုက်ပါ။ စားလို့ရပါပြီ။