အားလုံးပဲ မင်္ဂလာပါ။ နွေရာသီကို တဖြည်းဖြည်းရောက်လာပြီဆိုတော့ ရာသီဥတုကလည်း တအားကိုပူလာပါတယ်နော်။ နေ့ခင်းဘက်တွေမှာဆိုရင် အပြင်ကိုမထွက်ရဲလောက်အောင်ကို နေကြီးကတအားပူလွန်းလှပါတယ်။

ဒီလိုပူအိုက်တဲ့ရာသီမှာ အပူဒဏ်ကို နည်းနည်းလောက်လျော့နည်းသွားစေဖို့အတွက် အရသာရှိတဲ့ရေခဲချောင်းလေးကို နေပူခံပြီး အပြင်ထွက်မဝယ်ဘဲ ကိုယ့်ဘာသာ အိမ်မှာလွယ်လွယ်လုပ်စားကြမယ်။

ပါဝင်ပစ္စည်းများ

  • သံပုရာသီး (အခွံခွာပြီးသား) – ၃-၄ လုံး
  • ရေ – ၁ ခွက်နဲ့ ခွက်တစ်လုံးရဲ့ နှစ်ပုံတစ်ပုံ
  • ရေခဲတုံး – ၁ ခွက်နဲ့ ခွက်တစ်လုံးရဲ့လေးပုံတစ်ပုံ
  • သကြား – ခွက်တစ်ဝက်
  • ချယ်ရီသီး – ခွက်တစ်လုံးအပြည့်

ပြင်ဆင်ပြုလုပ်ပုံအဆင့်ဆင့်

၁။ အခွံခွာပြီးသား သံပုရာသီးကို ရေ၊ ရေခဲတုံး၊ သကြားတို့နဲ့အတူရောပြီး ကြိတ်စက်ထဲကိုည့်ကာ သကြားပျော်သွားတဲ့အထိ စက္ကန့် ၃၀ မှ ၆၀ အထိ ကြိတ်ခြေပေးပါ။

၂။ ချယ်ရီသီးတွေကို အတုံးသေးသေးလေးတွေဖြစ်အောင် တုံးကာ ရေခဲချောင်းကတော့ခွက်ထဲထည့်ပါ။ စောနကကြိတ်ခြေထားတဲ့ သံပုရာအရည်ကို ရေခဲချောင်းခွက်ရဲ့ ပြည့်ကာနီးအထိ ထည့်ပေးပါ။

၃။ ခဲသွားတဲ့အထိ ဒါမှမဟုတ် တစ်ညထားပေးပြီးရင်တော့ အရသာရှိတဲ့ ချယ်ရီသံပုရာရေခဲချောင်းလေးရပါပြီ။

Source: kitchencents.com