စုစုပေါင်း ကြာမြင့်ချိန် ၂၅ မိနစ်

ရိုးရှင်းလွယ်ကူတဲ့ ဟင်းချက်နည်းလေးတစ်ခုမို့ ခုမှဟင်းစချက်မယ့်သူတွေလည်းအဆင်ပြေမှာပါ။

ပါဝင်ပစ္စည်း

Watercress-2Bnamul-2B1

ရေမုန်ညှင်း အသေး ၃ စည်း

img_8843

ဆီ စားပွဲတင်ဇွန်း ၃ ဇွန်း

20150106-minced-garlic-vicky-wasik-6

ကြက်သွန်ဖြူ ၁ စိတ် (ပြားအောင်ရိုက်ပြီး တောက်တောက်စဉ်းပါ)

2152c1c7618c2e85d9b1df87f4a57543de9da5d6

လတ်ဆတ်တဲ့ဂျင်း လက်မ၀က်(ပြားရောင်ရိုက်ပြီး တောက်တောက်စဉ်းပါ)

How_to_Seed_Chop_Tomatoes_chopped1

ခရမ်းချဉ်သီး ၁ လုံး (အစေ့ထုတ်ပြီး လှီးပေးပါ)

be70c08fbd1ce4109cf89f1b8ba53c81

ဆားအနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ်

ချက်နည်း

1472930136470

ရေမုန်ညှင်းကို ချွေကာ ရေဆေးပြီး ရေဆစ်ထားပါ။ ဆီကိုအပူပေးပါ။ ပူလာပြီဆိုရင် ကြက်သွန်ဖြူနဲ့ ဂျင်းထည့်ပါ။ ၁ မိနစ်လောက် မွှေပေးပါ။ ပြီးရင် ခရမ်းချဉ်သီးထည့်ပါ။ ပြဲသွားအောင် ထိချက်ပါ။ ပြီးရင် ရေမုန်ညှင်းထည့်ပါ။ ဆားနဲ့ ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပါ။ (အသားမှုန့်ထည့်ချင်ထည့်ပါ) ပြီးရင်နွှမ်းသွားတဲ့ထိမွှေပေးပါ။ (၁၀ မိနစ်လောက်ပဲကြာမှာပါ) ပြီးရင် မီးဖိုပေါ်ကချပြီး စားသုံးနိုင်ပါပြီ။

CCFFA106_Gingered-Watercress_s4x3.jpg.rend.hgtvcom.616.462

အဆီပါဝင်မှုနည်းပြီး ကိုလက်စရော ပါဝင်မှုနည်းပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ဟင်းတစ်ခွက်ဖြစ်ပါတယ်ရှင့်။