အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ တို့ဖူး၊ အသီးအရွက်ကြော် သက်သက်လွတ် ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ငရုတ်သီးဆော့စ် အနည်းငယ်
  • တို့ဖူး ၁ တုံး

  • နှမ်းစေ့အနည်းငယ်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၃ ဇွန်းခန့်
  • ဆီအနည်းငယ်

တခြားပါဝင်ပစ္စည်းများ

  • ဂျင်းတောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်ဖြူတောက်တောက်စဉ်း အနည်းငယ်
  • ငရုတ်သီးအခြောက် ၇ တောင့်
  • ငရုတ်ပွသီး တစ်ခြမ်း
  • ဝိုင်အနည်းငယ်

  • ရေ ၁ ခွက်
  • ပန်းမုန်လာပွင့် ခွက် ၁ ခွက်
  • ပဲငံပြာရည်အကြည် အနည်းငယ်
  • ရှာလကာရည်အနည်းငယ်

  • ဆားအနည်းငယ်
  • သကြားအနည်းငယ်
  • နှမ်းဆီအနည်းငယ်
  • ကော်မှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲနဲ့ ရေ စားပွဲတင်ဇွန်း ၁ ဇွန်း အရော

ပြုလုပ်နည်း

ပျားရည်၊ ငရုတ်သီးဆော့လ်တို့ကိုရောလိုက်ပြီး တို့ဖူးနဲ့ နယ်ပေးလိုက်ပါ။ နှမ်းစေ့ထည့်ပြီး ကော်မှုန့်ထည့်လိုက်ပါ။

အဲဒီနောက် ဆီကိုအပူပေးလိုက်ပြီး တို့ဖူးကို အရင်ကြော်ပေးလိုက်ပါ။ တို့ဖူးရပြီဆိုရင်တော့ ခဏဖယ်ထားလိုက်ပါ။

အဲဒီနောက် အိုးကိုအပူထပ်ပေးပြီး ဆီထည့်ပါ။ ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးတို့ကို မွှေပေးလိုက်ပါ။ ငရုတ်ပွသီးန့ ဝိုင်ထည့်မွှေပေးလိုက်ပါ။

ရေထည့်ပါ။ ဆူလာရင်တော့ ပန်းမုန်လာထည့်လိုက်ပါ။ ဆား၊ ပဲငံပြာရည်၊ ရှလကာရည်၊သကြားန့ နှမ်းဆီထည့်လိုက်ပါ။ ကော်ရည်ထည့်လိုက်ပါ။

အရည်လေးက ပျစ်ပျစ်လေးဖြစ်လာရင်တော့ တို့ဖူးေြက်ာထားတာကို ထည့်လိုက်ပါ။ ခဏလေးထပ်မွှေပေးလိုက်ပြီးရင်တော့ ထမင်းပူပူနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: www.thewoksoflife.com

By: MyFood Myanmar