Recipes | အကင် - Grilled | ကြက်သား - Chicken

ကြက်တောင်ပံပျားရည်လူး

December 15, 2015

ကြက်တောင်ပံပျားရည်လူး

Share this on:

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ ၁၀ခုခန့်
  • ပျားရည် ၂ဇွန်း
  • သံပုရာရည် ၁ဇွန်း
  • ဂျင်းသေးသေး ၁တက်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်ပုံ

  1. ကြက်တောင်ပံလေးတွေကို ရေဆေး သန့်စင်ပြီး ရေစစ်ထားပါ။
  2. မီးဖိုချောင်သုံး စက္ကူလေး အသုံးပြုပြီး ရေတွေကုန်အောင် စုပ်ယူပြီး၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် ထောင်းထားတဲ့ ဂျင်းအနှစ်ရည်တို့နှင့် ရောနယ်ပြီး (၁၅)မိနစ်ခန့်နှပ်ထားပါ။
  3. ပျားရည် နှင့် သံပုရာရည်ကို သမသွားအောင် မွှေပေးထားပါ။
  4. Non-Stick (မကပ်သောအိုး)မှာ ဆီကိုအပူပေးပြီး ကြက်တောင်ပံတွေကို ရွှေညိုရောင်ရသည်အထိ ကြော်ယူဆီစစ်ပါ။
  5. မီးဖိုချောင်သုံး စုတ်တံလေး အသုံးပြုပြီး မွှေထားတဲ့ ပျားရည် အရောလေးကို နေရာအနှံ့ သုတ်လိမ်းပေးပါ။
  6. ငရုတ်တောင့်နီ၊ နံနံပင်လေး တင်လိုက်ပြီးရင် စားချင်စဖွယ် ကြက်တောင်ပံ ပျားရည်လူးလေး စားရန် အရံသင့်ဖြစ်နေပါပြီ။
Credit: ဟင်းချက်နည်းများ

Review

User Rating

3.7 (3 Votes)