Grilled Prawns (ပုဇွန်) ကင်နည်း

Share this on:

Screen Shot 2016-04-03 at 9.40.11 am

ပုဇွန်ကင်စားမယ်ဆိုရင်တော့ ပုဇွန်လတ်ဆက်မှအရသာရှိမှာပါ။

  • ပုဇွန်များကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ။
  • သံလွင်ဆီ အနည်းငယ်ထည့်ပါ ။ (ရိုးရိုးဆီ အသုံးပြုလို့ရပါတယ်)
  • ဆားအနည်းငယ်မျှ ထည့်ပြီးနယ်ပါ။
  • ဝါးတံဖြင့် တစ်ကောင်ချင်းစီထိုးပြီး မီးသွေးမီးဖိုပေါ်တွင် သံဇကာတင်၍ အနံ့မွှေးလာသည်ထိကင်ပြီး အသင့်စားသုံးနိုင်ပါပြီ ။

ပုဇွန်ကင်ဆော့ပြု လုပ်နည်း

  1. ငံပြာရည် - ၆ ဇွန်း (စားပွဲတင်ဇွန်း)
  2. သကြား - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  3. သံပုရာရည် - ၄ ဇွန်း (စားပွဲတင်ဇွန်း)
  4. ကြက်သွန်ဖြူ - ၈ မွှာ
  5. ငရုပ်သီးအစိမ်း - ၄ တောင့်
  6. ငရုပ်သီးအနီ - ၄ တောင့်
ပထမဆုံး ကြက်သွန်ဖြူ, ငရုပ်သီးအစိမ်း+ အနီ တို့ကိုငရုပ်ဆုံထဲ ရောထည့်ပြီး မညက်တစ်ညက် ထောင်းပါ။ ငံပြာရည်၊ သကြား၊ သံပုရာရည် တို့ကို ပါဝင်အချိုးအစားအတိုင်း ထည့်ပြီးမွှေပါ။ (အစပ် နှင့် အချဉ်)ကို မိမိကြိုက်နှစ်သက်သလောက် ပိုထည့် ၊ လျှော့ထည့်လို့ရပါတယ် ။