ခေါက်ဆွဲပြုတ်တွေ စားရင် ကျန်းမာရေး နဲ့ မညီညွတ်ပေမယ့်လည်း စာရေးသူကတော့ ကြိုက်တော့ တခါတလေတော့ စားဖြစ်ပါတယ်။

ခေါက်ဆွဲပြုတ်ကို ကင်မ်ချီလေးထည့်ပြီး လုပ်စားဖြစ်တယ်။

ကင်မ်ချီ ချဉ်စပ်စပ်အရသာလေးနဲ့ ကိုရီးယား ခေါက်ဆွဲသားလေးကတော့ အလိုက်ဖက်ဆုံးပါဘဲ။

ပါဝင်ပစ္စည်းများ (လူ ၂ ယောက်စာ)

ကြက်ဥ ၂ လုံး

ရေ

ကြက်သား အနည်းငယ်

ကိုရီးယား ခေါက်ဆွဲ ၂ ထုပ်

ကင်မ်ချီ ဟင်းရည်သောက်ခွက်အသေး ၁ ခွက်စာ

ကိုရီးယား ငရုတ်သီးအနှစ် Gochujang စားပွဲတင်ဇွန်း ၂ ဇွန်း

မှို အနည်းငယ်

နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား အနည်းငယ်

နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

လူနှစ်ယောက်စာအတွက် ဟင်းချို သောက်ပန်းကန် ၂ ခွက်ခွဲစာလောက်ကို အိုးထဲထည့်ပြီး ဆူအောင်လုပ်ပါ။

မီးအရှိန် လျော့လိုက်ပြီး ကြက်ဥတစ်လုံးချင်းစီကို အနှစ်မပေါက်အောင် ဂရုစိုက်ပြီး ရေထဲကို ညင်သာစွာထည့်ပါ။ ၄ မိနစ်ကနေ ၅ မိနစ်လောက်ထားပါ။

ကြက်ဥကို ရေစစ်ဇကာနဲ့ ဖယ်ထားလိုက်ပါ။

ခုနက ရေထဲကိုဘဲ ကြက်သားအတုံးလေးတွေ ထည့်ပါ။ ပွက်ပွက်ဆူအောင် လုပ်ပါ။ ကင်မ်ချီ ပန်းကန်လုံး ၁ လုံးစာ အရည်ရော အဖက်ပါ ထည့်ပါ။ ကိုရီးယား ငရုတ်သီါ်အနှစ်၊ ခေါက်ဆွဲပါ ထည့်ပါ။ ခေါက်ဆွဲတစ်ဝက်လောက် ကျက်ရင် မှိုနဲ့ နှမ်းဆီ လေးပါထည့်ပါ။ ဆားလေးထည့်ပါ။

ခေါက်ဆွဲကျက်ရင် ခေါက်ဆွဲကို ဆယ်လိုက်ပြီး ပန်းကန် ၂ လုံးထဲထည့်ပါ။ အရည်ထည့်ပြီး ကြက်ဥနဲ့ ကြက်သွန်မြိတ်လေးကို အပေါ်ကနေ ခပ်ပေးပါ။