အားလုံးပဲ မင်္ဂလာပါ။ အသင့်စား ခေါက်ဆွဲပြုတ်တွေ စားသုံးမယ့်အစား ကျန်းမာရေးနဲ့ ညီညွှတ်ပြီး အရသာရှိတဲ့ ခေါက်ဆွဲပြုတ်ကို အိမ်မှာပဲ အလွယ်တကူ လုပ်စားကြည့်လိုက်ရအောင်။ ချက်ပြုတ်ပြင်ဆင်ချိန်က ၁၅ မိနစ် ကျော်ကျော်လောက်ပဲ ကြာမြင့်တာကြောင့် အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် အသင့်တော်ဆုံးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • တရုတ်ဂေါ်ဖီထုပ် ၁၄၅ ဂရမ် (ပါးပါးလှီးထားပါ)
  • မုန်လာဥနီ ၂ လုံး (အနေတော် အချောင်း လှီးဖြတ်ထားပါ)
  • ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးဖြတ်ထားပါ)

  • ခေါက်ဆွဲခြောက် ၂ ထုပ်
  • ကြက်ပြုတ်ရည် ၁ လီတာခန့်
  • ကြက်ဥ ပြုတ် ၂ လုံး (မထည့်လည်း ရပါတယ်)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ အိုးတစ်လုံးထဲတွင် ကြက်ပြုတ်ရည်ထည့်ပြီး အပူပေးထားကာ ပွက်ပွက်ဆူအောင် တည်ထားပါ။

၂။ အခြားအိုးတစ်လုံးထဲတွင် ရေ တစ်လီတာခွဲခန့် ထည့်ပြီး ဆူပွက်လာအောင် တည်ထားပါ။

၃။ အလတ်စား ဒယ်အိုးတစ်လုံးကို မီးအပူချိန်ပြင်းပြင်းဖြင့် အပူပေးပြီး ဆီနှင့် ကြက်သွန်ဖြူထည့်ကာ တစ်မိနစ်ခန့် ဆီသတ်လိုက်ပါ။

၄။ ထိုဒယ်အိုးထဲသို့ ဂေါ်ဖီနှင့် မုန်လာဥတို့ထည့်ပြီး ၂ မိနစ်ခန့် ကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ထဲတွင် ခပ်ထည့်ထားလိုက်ပါ။

၆။ အိုးထဲက ရေများ ပွက်ပွက်ဆူလာပါက ခေါက်ဆွဲခြောက်ထည့်ကာ ၃ မိနစ်ခန့် တည်လိုက်ပါ။ ထို့နောက် ရေစစ်ထားပြီး ပန်းကန်လုံးထဲထည့်ကာ သပ်သပ်ဖယ်ထားလိုက်ပါ။

၇။ ခေါက်ဆွဲပန်းကန်လုံးထဲသို့ ကြက်ပြုတ်ရည်ထည့်လိုက်ပါ။

၈။ ကြက်သွန်မြိတ်၊ ဂေါ်ဖီနှင့် မုန်လာဥ၊ ကြက်ဥတို့ကို ခေါက်ဆွဲပြုတ်ပန်းကန်ထဲသို့ ထည့်ပြီး သမအောင် မွှေလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ဂျပန်စတိုင်လ် ခေါက်ဆွဲပြုတ်ကို ပူပူလေးသုံးဆောင်နိုင်ပါပြီ။

Source : pickledplum.com