ကိုရီးယား ခေါက်ဆွဲအေး Korean Cold Noodles (Naengmyeon)

Share this on:

သူငယ်ချင်းတို့ ဗိုက်စာနေရင် ကိုရီးယား ခေါက်ဆွဲအေး Korea Cold Noodles (Naengmyeon) လေးလုပ်စားကြရအောင်

ကိုရီးယား ခေါက်ဆွဲအေးမှာ ၂ – မျိုး ရှိပါတယ် ။  အရည်နှင့်စားတဲ့ Mul Naengmyeon နဲ့ ငရုပ်ဆီနှင့်စားတဲ့ ခေါက်ဆွဲသုပ် Bibim Naengmyeon ဆိုပြီး နှစ်မျိုးရှိပါတယ် ။  အခု ကျွန်တော်ပြောမှာက ခေါက်ဆွဲသုပ် Bibim Naengmyeon ပါ ။ Bibim Naengmyeon သုပ်စားရင် အဓိက ကတော့ သူ့ထဲ ထည့်တဲ့ ငရုပ်ဆီဆော့ပါပဲ ။  ငရုပ်ဆီဆော့ပြု လုပ်နည်းလေး ကြည့်ကြရအောင် ။

+

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ အလတ် - ၁ လုံး
  • ကိုရီးယား ငရုပ်သီးအနှစ် - ၂ ဇွန်း (စားပွဲတင်ဇွန်း)
  • ရှာလကာရည် - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • သကြား - ဇွန်းဝက် (စားပွဲတင်ဇွန်း)
  • နှမ်း - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ငရုပ်ကောင်းမှုန့် - ဇွန်း လေးပုံ တစ်ပုံ (စားပွဲတင်ဇွန်း)
  • ဆား - ဇွန်းဝက် (လဖက်ရည်ဇွန်း)
  • ကြက်သွန်ဖြူ - ၁ (လဖက်ရည်ဇွန်း)
  • နှမ်းဆီ - ၄ ဇွန်း (လဖက်ရည်ဇွန်း)

ပြုလုပ်နည်း

  1. (ငရုပ်ဆီ ပြုလုပ်နည်း)
  2. ကြက်သွန်နီ ၊ ကိုရီးယား ငရုပ်သီးအနှစ် ၊ ရှာလကာရည် ၊ သကြား ၊ နှမ်း ၊ ငရုပ်ကောင်းမှုန့် ၊ ဆား ၊ ကြက်သွန်ဖြူ  ၊  နှမ်းဆီတို့ အားလုံးကို ရောပြီး အသုတ် သုပ်စားရန် အတွက် ငရုပ်ဆီ ပြုလုပ်ထားပါ ။
  3. ပုံတွင် ပြထားသော ကိုရီးယားခေါက်ဆွဲကို ၅ မိန်, ၆ မိနစ်ကြာ ရေထည့်ပြုတ်ပါ ။   ခေါက်ဆွဲနူးလာရင် ဇကာဖြင့် စစ်ပြီး ရေဆေး ။  ထို့နောက် ရေခဲတုံးလေးတွေ ထည့်ပြီး ခေါက်ဆွဲကိုနယ်၍ ထပ်ဆေးပေးပါ ။ ခေါက်ဆွဲအသားပိုနူးညံ့ပြီး။ အေးနေပါလိမ့်မယ် ။  (အိမ်မှာ လုပ်စားတာကတော့ ကိုရီးယား ခေါက်ဆွဲ မရရင် ရိုးရိုးအသုတ် သုတ်စားတဲ့ ခေါက်ဆွဲ အဝါနှင့် သုပ်စားပါ ။  အရသာတော့ ကွာပါတယ် ။)
  4. (ခေါက်ဆွဲသုပ်ရန်)
  5. ကြက်ဥ တစ်လုံး ပြုတ်ပြီး အခွံနွှာထားပါ ။
  6. ဂျပန်သခွားသီးကို ပါးပါးလှီးထားပါ ။
  7. သစ်တော်သီးကို အချောင်းပုံလေးတွေ ပါးပါးလှီးပါ ။
  8. (ပုံမှာပြထားတဲ့ အတိုင်းပြင်ပါ) ပြုလုပ်ထားသော ငရုပ်ဆီဆော့ ထည့်ပြီး သုပ်စားနိုင်ပါပြီ ။
  9. ***မှတိချက်  -  ပုံမှာ ပြထားသည့်အတိုင်း ပြင်တဲ့အခါ ခေါက်ဆွဲရဲ့ အပေါ်မှာ ကင်ချီမတင်ပဲ ၊ မုန်လာဥအနီကို ပါးပါးလှီးပြီး တင်လည်း ရပါတယ် ။ အရောင်အတွက်ပါ  ။  အရောင်စုံ လှအောင်လုပ်တဲ့ သဘောပါ ။  ကိုယ်ကြိုက်တာ ထည့်စားပေါ့နော် ။ ခြောက်နေရင် နှမ်းဆီလေး ဆမ်းပြီး သုပ်ပါ ။
Credit: ဇွဲသုသု

Review

User Rating

5 (1 Votes)

author-avatar

This author has not supplied a bio yet.