အခုချိန်မှာဆိုရင် မြို့ထဲကိုသွားလိုက်တာနဲ့ ကိုရီးယားစားသောက်ဆိုင်လေးတွေ နေရာအနှံ့အပြားမှာ မြင်တွေ့နေရပါပြီ။ တချို့ဆိုင်လေးတွေကတော့ စားလို့ကောင်းပေမယ့် တချို့ဆိုင်လေးတွေကျတော့ လက်ရာသိပ်မကောင်းချင်ကြပါဘူး။

ဟိုလိုကပေါ့လို့ ဒီလိုလေးကငန်သွားလို့ဆိုပြီး အလွယ်တကူ စိတ်တိုင်းမကျတတ်တဲ့ Foodie လေးများအတွက် ကိုရီးယားအစားအစာတွေထဲကမှ ပန်ကိတ်လေးကို အိမ်မှာပဲ စိတ်တိုင်းကျ ကြော်စားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းနည်းနည်းလေးနဲ့ လုပ်နည်းလေးကလွယ် မြန်ဆန်လွယ်ကူလို့ မိသားစုတွေနဲ့ တပျော်တပါး စားနိုင်ပြီပေါ့။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်မြိတ် – ၅ ပင်
  • ဂျုံမှုန့် – ၁၅၀ ဂရမ်
  • မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း 1/4
  • မုန့်ဖုတ်ပေါင်ဒါ – လက်ဖက်ရည်ဇွန်း 1/4
  • ရေ – ခွက် 2/3

ပြင်ဆင်ပုံအဆင့်ဆင့်

၁။ ကြက်သွန်မြိတ်ကို အလယ်ကနေ ထက်ခြမ်းလှီးလိုက်ပြီးတော့ အရိုးပိုင်းကို ဖြတ်ထုတ်လိုက်ပါ။

၂။ ပန်းကန်လုံးတစ်ခုထဲမှာ ပန်ကိတ်ဂျုံမှုန့်၊ မုန့်ဖုတ်ဆိုဒါ၊ မုန့်ဖုတ်ပေါင်ဒါနှင့် ရေတို့ကို ရောစပ်၍ မုန့်နှစ်ဖြစ်လာတဲ့အထိ သေသေချာချာမွှေပေးပါ။

၃။ ဒယ်အိုးပြားထဲမှာ ဆီကိုအပူပေးပြီး ကြက်သွန်မြိတ်တွေကို ပုံမှာပြထားတဲ့အတိုင်းထည့်ပြီးတော့ မီးအနေတော်မှာ ၂ မိနစ်လောက် ကြော်ပေးပါ။

၄။ ပြီးရင် မုန့်နှစ်တွေကို ကြက်သွန်မြိတ်တွေပေါ်မှာ နှံ့သွားအောင် သေချာလောင်းပေးလိုက်ပါ။ မီးအနေတော်မှာ ၃-၄ မိနစ်လောက် ချက်ပါ။

၅။ အချိန်ပြည့်ရင် ပန်ကိတ်ကို နောက်တစ်ဖက်လှန်လိုက်ပြီး ဆီစမ်းလိုက်ကာ နောက်ထပ် ၃-၄ မိနစ်ထပ်ချက်ပါ။ နှစ်ဖက်လုံးသေချာကျက်သွားတဲ့အထိ ဟိုဖက်ဒီဖက်လှန်ပြီး ချက်ပေးပါ။

ပြီးရင်တော့ အရသာရှိတဲ့ ကိုရီးယားစတိုင်လ် ပန်ကိတ်လေးကို သုံးဆောင်နိုင်ပါပြီ။

Source: kitchenbowl.com