အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ Japchae လို့ခေါ်တဲ့ ကိုရီးယား အစားအစာတစ်မျိုးဖြစ်တဲ့ ခေါက်ဆွဲကြော် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ကိုးရီးယား (Dangmyeon) ခေါက်ဆွဲ ၁၇၀ ဂရမ်
  • မုန်လာဥနီ ၁ လုံး
  • ကြက်သွန်နီအသေး ၁ လုံး
  • ကြက်သွန်မြိတ် ၂ ပင်
  • အမဲသား ၁၁၀ ဂရမ်
  • မှိုအခြောက် ၄ ခု မှ ၅ ခုအထိ (ပွလာတဲ့အထိ ရေစိမ်ထားလိုက်ပါ)
  • ဟင်းနုနွင်ရွက်အနည်းငယ်
  • ဆီ
  • ဆား နဲ့ ငရုတ်ကောင်းမှုန့်

ဆော့လ်လုပ်ရန်

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်းခွဲ
  • နှမ်းဆီ စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • နှမ်းလှော်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ဆော့လ်တွေကို ရောလိုက်ပါ။ သကြားအရည်ပျော်သွားတဲ့အထိမွှေပေးပါ။

အသီးအရွက်တွေကိုလှီးလိုက်ပါ။

အမဲသားကိုလည်းလှီးလိုက်ပြီး ဆော့လ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။ မှိုကိုလည်း လှီလိုက်ပါ ပြီးရင်တော့ ဆော့လ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ရောလိုက်ပါ။

ဟင်းနုနွင်ရွက်ကိုပြုတ်လိုက်ပြီး ရေအေးနဲပဆေးလိုက်ပါ။ ရေတွေကိုညှစ်ထုတ်လိုက်ပြီး ဆား ၊ ငရုတ်ကောင်းမှုန့်တို့နဲ့ တို့နဲ့နယ်လိုက်ပါ။

ရေကိုဆူအောင်သည်လိုက်ပြီး ခေါက်ဆွဲထည့်လိုက်ပါ။ ၆ မိနစ်လောက်ပြုတ်ပါ။ ပြီးရင်ရေအေးအေးနဲ့ဆေးလိုက်ပါ။

ခေါက်ဆွဲကို လှီးဖြတ်လိုက်လို့ရပါတယ်။ ပြီးရင်တော့ ဆော့လ် စားပွဲတင်ဇွန်း ၂ ဇွန်းကိုထည့်ပြီး နယ်ပေးလိုက်ပါ။

ပြီးရင်တော့ အရင်ဆုံး ၄ မိနစ်လောက် အိုးပူတိုက်ပေးလိုက်ပါ။

ဆီထည့်လိုက်ပြီး အသီးအရွက်တွေအရင်ကြော်ပါ။

အသားကိုလည်း အိုးအသန့်တစ်ခုနဲ့ကြော်ပါ။ မှိုလည်းထည့်ကြော်ပါ။

ကျန်တဲ့ဆောလ့်တွေကိုနဲ့ တခြားပါဝင်ပစ္စည်းတွေအားလုံး အတူတူရောလိုက်ပြီး နယ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ သုံးဆောင်လို့ရပါပြီနော်။

Source: www.koreanbapsang.com

By: MyFood Myanmar