အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ သားသားမီးမီး၊ကိုကိုမမ၊ ဖေဖေ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား အားလုံး ကြိုက်ကြတဲ့ ဝက်ချိုချဉ်ကြော် ကြော်နည်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

ထမင်းစားမြိန်စေပြီး အရသာရှိတာမို့ စာဖတ်သူတို့ အားလုံး အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • ဝက်သား (အသားချည်း) ၅၀၀ ဂရမ်
  • ကြက်သား (သို့) အမဲသားကိုလည်း သုံးနိုင်ပါတယ်။
  • ဝိုင်ဖြူ အနည်းငယ်
  • ဂျင်း အနည်းငယ်
  • ပဲငံပြာရည် အနည်းငယ်

  • ဆားအနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ပြောင်ဖူးကော်မှုန့် (သို့)ဂျုံမှုန့် ၁ ခွက်
  • ရေ ၁ ခွက်
  • ကြက်ဥ၂ လုံး

အသီးအရွက်များ

  • နာနတ်သီး အနည်းငယ် (အတုံးလေးတွေလှီးပါ)
  • ကြက်သွန်နီ တစ်ခြမ်း (အတုံးလေးတွေလှီးပါ)
  • ငရုတ်ပွသီး အနည်းငယ် (အတုံးလေးတွေလှီးလိုက်ပါ)
  • မုန်လာဥနီ အနည်းငယ် (ခပ်ပါးပါးလှးပါ)
  • သခွားသီးအနည်းငယ်

ချိုချဉ်အတွက်ဆော့လ်

  • ရေ အနည်းငယ်
  • နာနတ်သီး အရည် အနည်းငယ်
  • သကြားနှင့် ပဲငံပြာရည် အနည်းငယ်
  • ပန်းသီးရှာလကာရည် အနည်းငယ်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး ပြောင်းဖူးကော်မှုန့် (သို့)ဂျုံမှုန့်ကို ရေနဲ့အရင်ဖျော်လိုက်ပါ။ အဲဒီနောက် ကြက်ဥထည့်လိုက်ပါ။ (ကြက်ဥ အကာကိုပဲထည့်ပါ)

ဝက်သားကို အတုံးလေးတွေလှီး ရေသေချာဆေးလိုက်ပါ။

အဲဒီနောက် ဂျင်း၊ ဝိုင်ဖြူ၊ ဆား၊ ပံငံပြာရည်၊ ငရုတ်ကောင်းမှုန့်တို့နဲ့နယ်ပေးပြီး ခဏ နှပ်ထားပေးပါ။

ပြီးရင်စောစောက ဂျုံဖျော်နဲ့ရောလိုက်ပါ။

ဆီကို အပူပေးပြီး အသားကို အရင်ကျက်အောင် ကြော်လိုက်ပါမယ်။

ကိုယ်ထည့်မယ့် အသီးအရွက်တွေကို လှီးချွတ်ထားပါ။

ပြီးရင် ချိုချဉ်အတွက်လုပ်မယ့် ဆော့လ်က ပါဝင်ပစ္စည်းတွေကို ထည့်လိုက်ပြီး အရင်ဆူအောင်သည်လိုက်ပါ။ အဲဒီနောက် အသီးအရွက်တွေထည့်လိုက်ပါ။ ခပ်ပျစ်ပျစ်လေးဖြစ်စေဖို့ကော်ရည် အနည်းငယ်ထည့်လိုက်ပါ။

ပြီးရင်တော့ စောစောက ကြော်ထားတဲ့ ဝက်သားကြော်ပေါ်ကို လောင်းထည့်လိုက်ပြီး သေချာမွှေပေးကာ သုံးဆောင်နိုင်ပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar