အားလုံးပဲ မင်္ဂလာပါ။ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်းလျာလေးက အစားအသောက်ခုံမင်တဲ့ Foodies လေးတို့အတွက် ထမင်းစားမြိန်အောင် ကူညီပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ (နုတ်နုတ်စင်းထားပါ)
  • ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပုစွန် ၁၀ ကောင် (သို့) ၁၂ ကောင် (အခွံခွာပြီး ရေဆေးထားပါ)
  • မှို ၁၆ အောင်စ

  • ဟင်းနုနွယ် ၁၆ အောင်စ
  • ငရုတ်ပွ တစ်ခြမ်း (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • နံနံပင် အနည်းငယ်
  • ဝိုင်ဖြူ ၆၀ မီလီလီတာ
  • သံပုရာသီ တစ်လုံး

ပြုလုပ်နည်းအဆင့်ဆင့်

ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ကာ ထောပတ်တစ်ဝက်ကို အရည်ပျော်သွားအောင် ပြုလုပ်ပါ။ ထို့နောက် နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူထည့်ကာ မွှေပေးလိုက်ပါ။ တစ်ဆက်တည်းမှာပဲ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ မှိုထပ်ထည့်ပြီး သေသေချာချာမွှေပေးလိုက်ပါ။

နောက်တစ်ဆင့်အနေနဲ့ ငရုတ်ပွထည့်ပါ။ ထပ်မွှေပါ။ မီးအပူချိန်နည်းနည်းမြှင့်ပြီးတဲ့နောက်မှာ ပုစွန်အနည်းငယ်ထည့်ကာ မမွှေသေးဘဲ ဝိုင်ဖြူချက်ချင်းထည့်ပြီးမှ မွှေပေးရပါမယ်။ ထို့နောက် ပုစွန်များပန်းနုရောင်သမ်းပြီး ဝိုင်များခမ်းသွားတဲ့အခါ ကျန်ရှိတဲ့ထောပတ်တစ်ဝက် ထပ်ထည့်ပါ။ ဆားအနည်းငယ်ထည့်ပြီး အပေါ့အငန်မြည်းကြည့်လိုက်ပါ။

အရသာအနေတော်ဖြစ်ပါက နံနံပင်ထည့်ပြီး မွှေပေးလိုက်ကာ မီးပိတ်လိုက်ပါ။ ပြီးမှ ဟင်းနုနွယ်ထည့်ပြီး မီးအရှိန်လေးနဲ့ပဲ တည်ထားပါ။ ဟင်းအိုးချခါနီးကျမှ သံပုရာသီးတစ်လုံးညှစ်ထည့်ပေးရပါမယ်။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပုစွန်ချဉ်စပ်ဟင်းတစ်ခွက် ရရှိသွားပြီဖြစ်ပါတယ်။

Source: picturetherecipe.com