လွယ်လွယ်ကူကူနဲ့ ဆန်းဒဝှစ်ချ်လေးပဲ လုပ်စားချင်တယ်ဆိုသူများအတွက် ကြက်ဥနဲ့ ချိစ်အရောလေး လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ပေါင်မုန့် -၂ချပ်၊ ကြက်ဥ -၁လုံး
  • ဆီ၊ ဆား ၊ ဆနွင်းမှုန့်၊ ငရုတ်ကောင်းမှုန့်
  • ကြက်သွန်နီ -၁လုံး၊ ငရုတ်ပွသီး -၁လုံး
  • ငရုတ်သီးစိမ်း၊ နံနံပင်
  • Cheese အပြား၊ ခရမ်းချဉ်သီးဆော့

ပြုလုပ်နည်း

ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် ငရုတ်ပွသီးတို့ကို လှီးဖြတ်ထားပါ။ ဇလုံတစ်ခုထဲတွင် ကြက်ဥကိုဖောက်ထည့်ကာ မွှေထားပါ။ လှီးဖြတ်ထားသော ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်နှင့် ငရုတ်ပွသီး တို့ကို လောင်းထည့်ကာ ထပ်မွှေပါ။

ပေါင်မုန့်ပေါ်တွင် ထောပတ်ကြိုက်လျှင် ထောပတ်သုတ်၊ ခရမ်းချဉ်သီးဆော့ပါထည်သုတ်ထားနိုင်ပါတယ်။ ဒယ်အိုးထဲတွင် ဆီထည့်ကာ မွှေခေါက်ထားသော ကြက်ဥကိုထည့်ကြော်ပါ။ လေ့ထောင့်ပုံဖြစ်အောင် ပုံစံခွက်ထဲ ထည့်ကြော်နိုင်ပါတယ်။ ကျက်လာလျှင် နောက်တစ်ဖက် လှန်ကြော်ပေးပါ။

ကြက်ဥရလျှင် ထောပတ်နှင့် ဆော့သုတ်ထားသော ပေါင်မုန့် နှစ်ချပ်ကြားထဲ ကြက်ဥထည့်ကာ အပေါ်မှ cheese ပြားအုပ်၍ ဒယ်ပြားပေါ်တွင် cheese အရည်စပျော်လာသည်အထိ မီးကင်ပါ။ နောက်ဆုံးမှာတော့ အရသာရှိတဲ့ ကြက်ဥပေါင်မုန့် ချိစ်အစာညပ်ကိုစားနိုင်ပါပြီ။