အထွေထွေ ဗဟုသုတ - General Knowledge

စားလို့ မြိန်တဲ့ နာနတ်သီးယို

August 30, 2016

စားလို့ မြိန်တဲ့ နာနတ်သီးယို

Share this on:

အခုလို နာနတ်သီး ပေါတဲ့ ရာသီမှာ နာနတ်သီးကို ယိုထိုးထားပြီး ကြာရှည်ခံအောင် လုပ်ကြပါတယ်။ သရေစာ အဖြစ် စားကြတာများပြီး ပေါင်မုန့်နဲ့ ညှပ်ပြီးလည်း စားကြပါတယ်။ ချဉ်၊ ချို အရသာ ရှိပြီး ခံတွင်းရှင်းစေတဲ့ အတွက် ကလေး၊ လူကြီးကြိုက်ကြပါတယ်။

pineapple-jam

နာနတ်သီးကို ယိုထိုးတဲ့ အခါ လိုအပ်တာတွေကတော့
နာနတ်သီး ၂ လုံး (အရှည်သီးကို ရွေးဝယ်ပါ)
သကြား ၂ ခွက် ( လက်ဖက်ရည်ပန်းကန်လုံး)
သံပုရာသီး အရွယ်တော် ၁ လုံး
သစ်ကြပိုးခေါက် အရွယ်တော် …၁ ချောင်း
ဆား – လက်ဖက်ရည်ဇွန်းဝက်

နာနတ်သီးကို အခွာနွှာပြီး ဒေါင်လိုက် စိပ်ပါ။ အူတိုင်တွေကို ဖယ်ပြီး အတုံးလေးတွေ တုံးပါ။ အရည်၊ အဖက် သီးသန့်ထွက်တဲ့ ကြိတ်စက်ကို သုံးပြီး ကြိတ်ပါ။ နာနတ်သီးရည်ကို အခြား အမယ်များနဲ့ ရောကျိုပါ။ အရောင်လှချင်ရင်တော့ Food Color တွေကို အသုံးပြုနိုင်ပါတယ်။ သကြားနဲနဲ ပျစ်လာရင် ကြိတ်ထားတဲ့ နာနတ်သီး အဖတ်တွေကို ထည့်ပြီး မွှေပါ။ ရေတွေ ကုန်သွားတဲ့ အခါ မွှေပေးပြီ ရေခန်းတဲ့ အခါ
စေးပျစ်ပျစ် နာနတ်သီးယိုကို ရပါပြီ။

Photo: kitchendreaming

Review

User Rating

3 (2 Votes)