အားလုံးပဲမင်္ဂလာပါနော်။ ဝက်ရိုးကို နူးနေအောင်ပြုတ်ပြီး အရည်သောက်လေး ချက်သောက်ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ဝက်သား ၁.၄ ကီလိုဂရမ်
  • ရေ (၇) ခွက်
  • အာလူး ၃ လုံး (အခွံနွှာပြီး အတုံးလေးတွေ လှီးထားပါ)
  • မုန်ညှင်းဖြူ ၃၀၀ ဂရမ်(ရေဆေးထားပါ)

  • ပဲပင်ပေါက် ၁၀၀ ဂရမ် (ရေဆေးထားပါ)
  • တခြားမိမိနှစ်သက်ရာ ငရုတ်သီးနဲ့ အရွက်များ

အသီးအရွက်အတွက်

  • ကြက်သွန်နီ ၁ လုံး (အခွံနွှာပြီး လှီးထားလိုက်ပါ)
  • ကြက်သွန်မြိတ် (ဥကိုပဲယူပါမယ်)
  • ကြက်သွန်ဖြူ ၅ ဥ
  • ဂျင်း ၁ စိတ်

  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆား
  • နှမ်း

အနှစ်လုပ်ရန် (အားလုံးကိုခွက်တစ်လုံးထဲရောထားပါ)

  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲပုပ် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဆန်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ကြက်သွန်ဖြူတောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ

  • ကိုရီးယားငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ငါးဆော့စ် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ဂျင်းတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး အရိုးကိုရေအေးအေးနဲ့ ၁ နာရီလောက်စိမ်ထားလိုက်ပါ။ အဲဒီနောက် ရေဆစ်ထားလိုက်ပါ။

ပြီးရင်တော့ ရေထည့်လိုက်ပြီး ဆူအောင်တည်ထားလိုက်ပါ။ ပြီးရင် ရေကို သွန်လိုက်ပြီး ရေအေးနဲ့ ထပ်ဆေးလိုက်ပါ။

အိုးအကြီးတစ်လုံးထဲမှာ အရိုးကိုထပ်ထည့်ပြီး ရေ ၇ ခွက်ထည့်ပါ။ ပြီးရင် အသီးအရွက်အတွက်ခေါင်းစဉ်အောက်က ပါဝင်ပစ္စည်းတွေအားလုံးကိုထည့်လိုက်ပါ။ မီးအနေတော်နဲ့ မိနစ်၁ နာရီခွဲလောက်အုပ်ထားလိုက်ပါ။

ပြီးရင် အာလူးကို သီးသန့်အိုးနဲ့ ပြုတ်ပေးလိုက်ပါ။ ၉၀% လောက်ကျက်ပြီဆိုရင်တော့ အာလူးကို ရေဆစ်ထားလိုက်ပါ။ ပြီးရင် ရေနည်းနည်းနဲ့ ဆားထည့်ပြီး နောက်ထပ်အိးတစ်လုံးတည်ထားလိုက်ပါ။ ဆူလာရင်တော့ မုန်ညှင်းထည့်ပြီးပြုတ်လိုက်ပါ။ ပြီးရင် ရေဆစ်လိုက်ပါ။

ဒီအချိန်ဆို အရိုးကနူးလောက်ပြီနော်။ အရိုးပြုတ်ထားတဲ့အရည်ကို အိုးအသန့်တစ်လုံးထဲထည့်လိုက်ပါ။ တခြားထည့်ထားတဲ့အသီးအရွက်တွေကိုဖယ်လိုက်ပါ။

ပြီးရင်တော့ အိုးအသန့်ထဲကို ဝက်ရိုးရယ်၊ ဝက်ပြုတ်ရည်ရယ်၊ မုန်ညှင်းရယ်ထည့်လိုက်ပါ။ အဲဒီနောက် အနှစ်လုပ်မယ့် ပါဝင်ပစ္စည်းတွေကိုလည်း ထည့်လိုက်ပါ။

ဆူလာပြီဆိုရင်တော့ အာလူးကိုထည့်လိုက်ပါ။ အာလူးလုံးဝကျက်သွားတဲ့အထိထားပါ။ တခြားကျန်တဲ့ အသီးအရွက်တွေဖြစ်တဲ့(ပဲပင်ပေါက်တို့၊ ငရုတ်သီးတို့ကို) ထည့်လိုက်ပါ။

ရခါနီးရင်နှမ်းလေးနည်းနည်းဖြူးပေးလိုက်ပါ။ အရသာမြည်းကြည့်ပြီး ဆားထည့်စရာရှိရင်ထည့်ပါ။ ပြီးရင်နောက်ထပ် ၁ မိနစ် ၂ မိနစ်လောက်ဆက်တည်ထားလိုက်ပြီး ထမင်းပူပူနဲ့ သုံးဆောင်လို့ရပါပြီနော်။

Source: www.mykoreankitchen.com

By: MyFood Myanmar