အားလုံးပဲ မင်္ဂလာပါ။ လွယ်ကူရိုးရှင်းတဲ့ ဟင်းလျာများပြုလုပ်နည်းလေးတွေ ဝေမျှလေ့ရှိတာကြောင့် ဒီတစ်ခါမှာလည်း ပါဝင်ပစ္စည်း ၄ မျိုးတည်းနဲ့ အနံ့အရသာပြီးပြည့်စုံသော ချိစ် ဝက်သားပြားပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ ဟင်းလျာပြင်ဆင်ပုံ အဆင့်ဆင့်ကလည်း သိပ်မများလှတာကြောင့် လူပင်ပန်းလည်း သက်သာစေတဲ့ ဟင်းလျာတစ်မျိုးပဲဖြစ်ပါတယ်။

ကဲ… အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ဟင်းလျာပြုလုပ်ဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာကို အတူတူဆက်လေ့လာကြည့်လိုက်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • အရိုးမပါသည့် ဝက်သားပြား ၄ ပြား
  • ကြက်သွန်နီ တစ်လုံး
  • အချောင်းလိုက် လှီးဖြတ်ထားသော ချိစ် ဖန်ခွက် တစ်ဝက်ခန့်

  • မိရောနိစ် လက်ဖက်ရည်ဇွန်း ၈ ဇွန်း
  • ငရုတ်ကောင်းမှုန့် အနည်းငယ်
  • ဆားအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

ဝက်သားပြားများကို ရေဆေးပြီးနောက် အဝတ်စသန့်သန့်ဖြင့် ရေခြောက်အောင် သုတ်လိုက်ပါ။ ရေခြောက်ပြီးတဲ့အခါ ဆားနှင့် ငရုတ်ကောင်းဖြူးထားလိုက်ပါ။ Oven ကို အပူချိန် ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင် အပူပေးထားပါ။

ကြက်သွန်နီကို အကွင်းလိုက်လှီးဖြတ်ပြီးတဲ့အခါ အသားပြားပေါ်မှာ အခုလိုပဲ တင်ထားလိုက်ပါ။

မိရောနိစ် လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်ကို ကြက်သွန်နီအပေါ်မှာ အခုလိုပဲ ထပ်တင်ထားလိုက်ပါ။

တစ်ဖန် ချိစ်အချောင်းများ စားပွဲတင်ဇွန်း နှစ်ဇွန်းခန့်ကို ဝက်သားပြားပေါ်မှာ အခုလိုပဲ ထပ်တင်ပေးလိုက်ပါ။ ထို့နောက် ကြိုတင်အပူပေးထားတဲ့ Oven ထဲထည့်ထားပြီး ၂၅ မိနစ်ခန့် ထည့်ထားလိုက်ပါ။

အချိန်ပြည့်သွားတဲ့အခါမှာတော့ အမြင်လည်းလှသလို အနံ့လည်းမွှေးပြီး စားချင်စရာကောင်းတဲ့ ချိစ် ဝက်သားပြားမီးဖုတ်ကို အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

Source: www.mydeliciousmeals.com