အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဟင်းရည်လေးချက်သောက်ချင်သူတွေအတွက် မုန်လာဥဖြူ ဟင်းချိုပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်နော်။

ပါဝင်ပစ္စည်း

  • မုန်လာဥဖြူ ၂ လုံးခန့်
  • ကြက်သွန်မြိတ် ၂ ပင်
  • အမဲသားအနည်းငယ်
  • ကြက်သွန်ဖြူတောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် အနည်းငယ်
  • ဆားနဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးအမဲသားကို ပါးပါးလှီးလိုက်ပါ။ အဲဒီနောက် ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် နဲ့ နှမ်းဆီတို့နဲ့ နယ်ပေးလိုက်ပါ။

အဲဒီနောက် မုန်လာဥဖြူကို ပါးပါးလှီးလိုက်ပါ။

ပြီးရင်တော့ အိုးထဲမှာ အမဲသားကိုထည့်လိုက်ပြီး ခဏလောက်ကြော်ပေးလိုက်ပါ။ အဲဒီနောက် ရေ ၈ ခွက်လောက်ထည့်လိုက်ပြီး ပွက်အောင်ထားလိုက်ပါ။

အဲဒီနောက် မုန်လာဥဖြူထည့်လိုက်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အနည်းငယ်၊ ဆား၊ ငရုတ်ကောင်းမှုန့်ထည့်လိုက်ပါ။ နောက်ထပ် ၅ မိနစ်လောက် ထပ်တည်ထားလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar