အားလုံးပဲမင်္ဂလာပါနော်။ မိမိချစ်သူခင်သူ မြတ်နိုးသူတွေကို အရသာရှိတဲ့ ဟင်းလျာတွေ ချက်ကျွေးရင်း ပိုမိုရင်းနှီးမှုကို ရယူလိုက်ပါ။

ဘာဟင်းမှမရှိရင် ကြက်ဥရှိရင် ထမင်းစားလို့ဖြစ်တယ်ဆိုတဲ့အထဲမှာ ပါလား။ ကြက်ဥကို အရမ်းကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် ကြက်ဥမကြိုက်တဲ့သူတွေအတွက်ပဲဖြစ်ဖြစ် လျှာလည်ပြီး ခံတွင်းမြိန်စေမယ့် ဝက်ပေါင်ခြောက်ကြက်ဥမွှေကြော်နဲ့ ကြက်ဥလိပ်ကြော် လုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဝက်ပေါင်ခြောက်ကြက်ဥကြော်

ကြက်ဥ၊ ကြက်သွန်နီ၊ ရေနည်းနည်း၊ ဝက်ပေါင်ခြောက်သား၊ ဆား၊ ငရုတ်ကောင်း စသည်တို့နဲ့ သေချာလေးမွှေပေး ခလောက် လိုက်ပါ။ ပြီးရင်တော့ ဆီပူပူထဲမှာ ထည့်ကြော်လိုက်ရုံပါပဲ။

၂။ ကြက်ဥလိပ်ကြော်

ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်း စတဲ့ တခြားအသီးအရွက်အတုံးလေးတွေ လှီးပေးလိုက်ပါ။ ပြီးရင် အရင်ကြော်ပေးလိုက်ပါ။ ပြီးမှ ကြက်ဥ၊ ဆား၊ ငရုတ်ကောင်း စတာတွေကို သေချာမွှေပေးပြီး ကြော်ပေးလိုက်ပါ။ အဲဒီနောက် စောစောက ကြော်ထားတဲ့ အသီးအရွက်တွေကို ထည့်ပေးပြီး ကြက်ဥကို လိပ်ပေးလိုက်ပါ။

Source: www.stylecraze.com