အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ နံရိုးအသားနုတ်နုတ်စဉ်း ကပ်ကြော်လေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အမဲ နံရိုး (သို့) ဝက်နံရိုး ၁၅ ကျပ်သား
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၄ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း ၂ ဇွန်း

  • ပန်းသီး တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၃ ဇွန်း
  • ကြက်သွန်နီ တစ်ခြမ်း တောက်တောက်စဉ်း
  • ကြက်သွန်မြိတ် အနည်းငယ် ပါးပါးလှီးပါ
  • ကြက်သွန်ဖြူ တောက်တောက်စဉ်း အနည်းငယ်
  • နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး နံရိုးမှာကပ်နေတဲ့ အဆီတွေ အသားတွေကို ဖယ်လိုက်ပါ။

ပြီးရင် ရေအေးအေးနဲ့ မိနစ် ၂၀ – ၃၀ ခန့် စိမ်ထားလိုက်ပြီး ရေဆစ်လိုက်ပါ။

ပြီးရင် အသားကို တောက်တောက်စဉ်းလိုက်ပါ။

နံရိုးအသားကလွဲပြီး ကျန်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးရောလိုက်ပါ။

ပြီးရင် အသားနဲ့ နယ်ပေးလိုက်ပါ။ အသားထဲ အရသာဝင်သွားအောင် ၂ နာရီလောက်နှပ်ထားပါ။

ပြီးရင်တော့ ဝက်နံ့ရိုးပေါ်ကိုကပ်ပေးလိုက်ပါ။

အဲဒီနောက် ဆီပူပူနဲ့ ကြော်ပေးလိုက်ပါ။

Source: www.koreanbapsang.com

By: MyFood Myanmar