အားလုံးပဲ မင်္ဂလာပါ။ ကြက်ဥကြော် ကြိုက်နှစ်သက်ကြသူများအတွက် ဒီတစ်ခါမှာတော့ စပိန်စတိုင်လ် အာလူးကြက်ဥကြော် ကြော်နည်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အာလူး ၅ လုံး
  • ကြက်သွန်နီ ၁ လုံး
  • ကြက်ဥ ၈ လုံး
  • ဆားနှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆီအနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။ အာလူးကို အခွံခွာပြီး တစ်လက်မအရွယ် အတုံးသေးများ တုံးထားလိုက်ပါ။ ကြက်သွန်နီကို ပါးပါးလှီးထားပါ။ ကြက်ဥကို မွှေခလောက်ထားပါ။

၂။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာပါက အာလူးတုံးများ ထည့်ကြော်လိုက်ပါ။ အာလူးများ ရွှေညိုရောင်ပြောင်းသွားပါက ကြက်သွန်ထည့်ပြီး ကြော်ပေးလိုက်ပါ။ အာလူးနဲ့ ကြက်သွန်များကို ပန်းကန်တစ်ချပ်ထဲ သပ်သပ်စီဖယ်ထည့်ထားပါ။

၃။ ဒယ်အိုးထဲသို့ ဆီအနည်းငယ် ထည့်ပြီး အာလူးနဲ့ ကြက်သွန်တစ်ဝက်စီထည့်ပါ။ ထို့နောက် မွှေခလောက်ထားသော ကြက်ဥတစ်ဝက်ထည့်ပါ။ ဟိုဘက် ဒီဘက် လှန်ပြီးသွားပါက ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။ ကျန်ရှိနေတဲ့ တစ်ဝက်ကိုလည်း ထိုအတိုင်း ဆက်ကြော်ပေးလိုက်ပါ။

ရရှိလာတဲ့ အာလူး ကြက်ဥကြော်လေးကို ထမင်းနဲ့ပဲဖြစ်ဖြစ် သူ့ချည်းပဲဖြစ်ဖြစ် အရသာရှိရှိသုံးဆောင်နိုင်ပါပြီ။

ဒယ်အိုး အဝိုင်းကြီးပါက သို့မဟုတ် ကြက်ဥအသားထူထူလေး စားချင်ပါက တစ်ခါတည်း အကုန် ထည့်ကြော်လို့ရပါတယ်။

Source: cafedelites.com