အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ကြက်သားကင် စပ်စပ် ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • အရိုးမပါတဲ့ ကြက်သား ၂၀ ကျပ်သား
  • ကိုရီးယား ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဝိုင်ဖြူ စားပွဲတင်ဇွန်း၂ ဇွန်း

  • အရောင်တင်မှုန့် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွနး
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်

  • ကြက်သွန်နီ တောက်တောက်စဉ်းအနည်းငယ်
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • ဆား အနည်းငယ်
  • ငရုတ်ကောင်းမှုန့် အနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံး ကြက်သားကို ရေသေချာဆေးပြီး အတုံးလေးတွေ လှီးလိုက်ပါ။

ကျန်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို သေချာရောပြီး မွေလိုက်ပါ။

ပြီးရင် ကြက်သားနဲ့ နာရီအနည်းငယ်လောက် စိမ်ပေးထားလိုက်ပါ။

အဲဒီနောက် မီးသွေးမီးဖိုလိုက်ပြီး အကင်ပြားကို ခံလိုက်ကာ ကင်ပေးလိုက်ပါ။

တစ်ဖက်ကို ၄ မိနစ် ကနေ ၆ မိနစ်အထိကင်ပေးပါ။ ရပြီဆိုရင်တော့ ပူပူလေး သုံးဆောင်လို့ရပါပြီနော်။

Source : www.koreanbapsang.com

By: MyFood Myanmar