အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ ဆလားဗီးယား ပဲပြားငါးပေါင်း နူးနူးအိအိလေး ပေါင်းစားရအောင်ပါ။

ပါဝင်ပစ္စည်း

  • ဆလားဗီးယားငါး ၁ ကောင်
  • တို့ဖူး ၁ ထုပ်
  • ဆား အနည်းငယ်
  • ဆီ အနည်းငယ်
  • ဂျင်း တောက်တောက်စဉ်း အနည်းငယ်
  • ကြက်သွန်ဖြူ တောက်တောက်စဉ်းအနည်းငယ်
  • ကြက်သွန်မြိတ် ၁ ပင်အနည်းငယ်
  • ရေနွေး ခွက် ၂/၃ ပုံ
  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • သကြား အနည်းငယ်
  • ငရုတ်ကောင်းအနည်းငယ်
  • ငရုတ်သီးအနှစ် စားပွဲတင်ဇွန်း ၆ ဇွန်း

ပါဝင်ပစ္စည်း

ငါးကို ရေသေချာဆေးလိုက်ပြီး အရေခွံကို ဖယ်လိုက်ပါ။ အူတွေကလီစာတွေကိုထုတ်လိုက်ပါ။

ပြီးရင်တော့ ငါးတစ်ကောင်လုံးကို အခုပုံမှာပြထားသလိုမျိုး ထက်ခြမ်းခြမ်းသလို လှီးပေးလိုက်ပြီး အရိုးလေးတွေ ထုတ်ပေးလိုက်ပါ။

ပြီးရင်တော့ တို့ဖူးကိုလည်း အတုံးလေးတွေ လှီးလိုက်ပါ။

အဲဒီနောက် တို့ဖူးပေးကို ငါးလေးတင်ပေးလိုက်ပါ။

အဲဒီနောက် အပူခံနိုင်တဲ့ ပန်းကန်ပြားထဲထည့်လိုက်ပြီး ရေနွေးပွက်ပွက်ဆူအောင်တည်လိုက်ကာ အငွေ့လေးနဲ့ ငါးကို ပေါင်းပေးလိုက်ပါ။

၁၃ မိနစ်လောက်ပေါင်းပေးရပါမယ်။

အဲဒီနောက် အရည်လေးတွေကို ဆစ်ချလိုက်ပါ။

အဲဒီနောက်ဆီကိုအပူပေးလိုက်ပြီး ဂျင်း၊ ကြက်သွန်ဖြူထည့်လိုက်ပါ။ အဲဒီနောက် ငရုတ်သီးအနှစ်ကိုလည်း ထည့်ကြော်ပေးလိုက်ပါ။

ပြီးရင်တော့ ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ ထည့်လိုက်ပါ။

အဲဒီ ဆီပူပူကို ငါးပေါ် လောင်းချလိုက်ပါ။ အဲဒီနောက် ငရုတ်ကောင်းမှုန့် နည်းနည်းထပ်ထည့်လိုက်ပါ။

ပြီးရင်တော့ ကြက်သွန်မြိတ်ပါးပါးလှီးပြီးအပေါ်ကနေ ထည့်ပေးလိုက်ပါ။

Source: www.thewoksoflif.com

By: MyFood Myanmar