မြန်မာတို့ရဲ့ အတာသင်္ကြန်ကတဖြည်းဖြည်းနဲ့ နီးစပ်လို့လာနေပြီနော်။ ဒီလိုအတာသင်္ကြန်မှာ မြန်မာတို့ရဲ့ ဓလေ့ထုံးစံအရ မုန့်တွေအိမ်မှာလုပ်ပြီး အခြားအိမ်တွေကို ပြန်လည်ဝေမျှကြတတ်ပါတယ်။ ဒါကြောင့် အခုတစ်ခါဖော်ပြပေးချင်တာကတော့ သင်္ကြန်အချိန်အခါရဲ့ အမှတ်တစ်ခုအနေနဲ့တောင် ခေါ်ဝေါ်နိုင်တဲ့ မုန့်လုံးရေပေါ်လုပ်နည်းလေးပါ။ လက်ဝင်မယ့်၊ အချိန်ယူမယ့် ကိစ္စတွေမပါလို့ ကြည့်ကြည့်လိုက်ကြပါအုံးနော်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းမှုန့် စစ်စစ် – ၁ ဗူး
  • ဆန်မုန့် – ၁/၄ ဗူး
  • ထန်းလျက်အသေးဖြူ – ၁၅ လုံးခန့်
  • ဆား – အနည်းငယ်
  • အုန်းသီးခြစ် (သို့) အုန်းမုန့်ခြစ် – လိုအပ်သလို

ပြင်ဆင်ပြုလုပ်နည်း

  1. မုန့်လုံးရေပေါ် လုပ်ရင် ကောက်ညှင်းချည်းပဲ သုံးလျှင် အရမ်းစေးပြီး တွဲကပ် နေတတ် ပါတယ်။ ဒါကြောင့် ဆန်ကြမ်းမှုန့် အနည်းငယ် ရောသုံး ပေးဖို့ လိုအပ်ပါတယ်။
  2. ထန်းလျက်ခဲတွေကို ခပ်သေးသေး အစများ ဖြစ်အောင်လှီးပါ။ အုန်းသီးကိုလည်း အမျှင် (သို့) အမှုန့်ပုံစံ ရအောင် ခြစ်ထားပါ။
  3. ကောက်ညှင်းမှုန့် ၊ ဆန်မှုန့် ၊ ဆား စတာတွေကို ရောပြီး ရေ ၁ဗူး (နို့ဆီဗူး) ခပ်နွေးနွေးကို အနည်းငယ် ချင်းစီ ထည့်ပြီး သမသွားအောင် နယ်ပါ။ စေးထွေးထွေး မုန့်သားမှာ အနေတော်ပါ။
  4. မိမိနှစ်သက်သလို အရွယ်လေးတွေလုံးပြီးအတွင်းထဲကို ထန်းလျက်ထည့်ပြီး လုံးသွားအောင် (အပေါက်ဖြစ်မနေအောင်) လုံးပြီး ရေနွေးဆူဆူ(ရေများများ) မှာ ရေပေါ်သို့ ပေါ်လာသည် အထိ ပြုတ်ပါ။
  5. ပေါ်လာသည့် မုန့်လုံးများ ဆယ်ရျ် ရေစစ်ပါ။ အုန်းသီးမှုန့်များ ဖြူးပြီး သုံးဆောင်ပါ ။

Recipe & Photo Credit: Original Uploader & ညီမလေး Myint Myint Kyi