Recipes | ဆတ်သား - Venison | ဟင်း - Curry

ဆိတ်ပေါင်သား ဒိန်ချဉ်နှပ် ဆီပြန်

December 30, 2015

ဆိတ်ပေါင်သား ဒိန်ချဉ်နှပ် ဆီပြန်

Share this on:

ဆိတ်သားဟာ အညှီနံ့ ပြင်းလွန်းတဲ့ အတွက် မြန်မာမှု ပြုလို့ မရပါဘူး။  အမှန်တကယ်ပဲ ဆိတ်သားကို စားသုံးတော့မယ် ဆိုရင်ဖြင့် ဘယ်လို ပုံစံမျိုးပဲ ချက်ပြုတ်ဖို့ စိတ်ကူးရှိပါစေ အန္ဒိယ၊ ဘင်ဂေါ စတဲ့ ချက်ပြုတ်နည်းတွေကိုပဲ အခြေခံရတယ် ဆိုရင် မမှားပါဘူး။ နည်းလမ်းများစွာ ထဲကမှ ဘင်ဂေါ ဆိတ်သား ဒိန်ချဉ်နပ်ချက် အကြောင်းလေ့လာကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဆိတ်ပေါင်သား ၁ပိဿာအရွယ်တစ်ခု
  • သင်္ဘောသီးစိမ်းအမျှင်ခြစ် ၆ဇွန်း
  • ဒိန်ချဉ် ၁ ၁/၂ခွက်
  • ကြက်သွန်နီ ၂ခွက်
  • ကြက်သွန်ဖြူထောင်း ၃ဇွန်း
  • ဂျင်း(ချင်း)ထောင်း ၃ဇွန်း
  • ဇီယာစေ့ ၁ဇွန်း
  • နံနံစေ့ ၁ဇွန်း
  • ငရုတ်ကောင်းစေ့ ၁ဇွန်း
  • သစ်ကြပိုးခေါက် ၂လက်မ အရွယ်(၃)ခု
  • ဖာလာစေ့ ၁၅စေ့
  • လေညှင်း ဇွန်းဝက်ခန့်
  • ကရဝေးရွက် ၇ရွက်ခန့်
  • ငရုတ်ခြောက်တောင့် ၅တောင့်
  • ငရုတ်စိမ်းမှုန့်.၊နနွင်းမှုန့် အနည်းငယ်စီ
  • မုန်ညှင်းဆီ(သို့)မြေပဲဆီ လီတာဝက်ခန့်

ပြုလုပ်နည်း

  1. ပထမဦးဆုံး ဆိတ်သား တစ်ခုလုံးကို ရေစင်အောင် ဆေးပါ။
  2. အတတ်နိုင်ဆုံး မီးဖိုသုံး စက္ကူစလေးဖြင့် ရေတွေခြောက်သည် အထိဖိစုပ်ပေးပါ။
  3. ကလေး လက်သီးဆုပ် အရွယ်(အရိုးပါ)အတုံးများ တုံးကာ အမျှင်ခြစ်ထားတဲ့ သင်္ဘောသီးစိမ်းအရည်များ ညှစ်ချပြီး မိနစ်(၄၀-၄၅)ခန့်နှပ် ထားပါ။ (သင်္ဘောသီး မရခဲ့ရင် ကီဝီသီးကဲ့သို့ အသားကိုနှုးအိစေနိုင် သောfood tenderlizer အသီးများကို သုံးနိုင်ပါသည်။)
  4. ၄၅ မိနစ်ခန့်ပြည့်လျှင် ထိုအသားပေါ်သို့ ချင်း၊ ကြက်သွန်ဖြူထောင်း တစ်ဇွန်းစီ နင့် ဒိန်ချဉ်၊ ဆားတို့နှင့် ဖိနယ်ပြီး နောက်ထပ် ၁ နာရီခန့် နှပ် ထား ရပါမည်။
  5. ထိုစဉ်အတွင်း ဇီယာစေ့၊ နံနံစေ့၊ ငရုတ်ကောင်း၊ ဖာလာစေ့၊ လေးညှင်းနှင့် သစ်ကြပိုးခေါက် တစ်ခုကို မီးအေးအေးမှာ မွှေးနေအောင် လှော် ပြီး ညှက်အောင် ထောင်းထားပါ။
  6. စောက်နက်သော သံဒယ်အိုးကို တစ်ခုဖြင့် ဆီကို အပူပေးပါ။
  7. ဆီပူလာလျှင် ကျန်ရှိတဲ့ သစ်ကြပိုးခေါက်၊ ကရဝေးရွက် နှင့် ငရုတ်ခြောက်တောင့် တို့ကို မွှေးလာသည် အထိ ဆီသတ်ပါ။
  8. ရနံ့မွှေးလာလျှင် ကြက်သွန်နီ ပါးပါးလှီိးထားတဲ့ ကြက်သွန်နီ တွေထည့်ကြော်ပါ။
  9. ကြက်သွန်နီတွေ ရွှေညိုရောင် သန်းလာပြီ ဆိုရင် အရသာ နယ်ထားတဲ့ ဆိတ်သားတွေ ထည့်ပြီး မွှေပေးပါ။
  10. ချက်ချင်းဆိုသလိုကျန်ရှိတဲ့ချင်း၊ ကြက်သွန်ဖြူ ထောင်းတွေ ထည့်မွှေပြီး ငရုတ်စိမ်းမှုန့် နှင့် နနွင်းမှုန့် အနည်းငယ် ကိုလည်း ထည့်ပေါင်းကာ အဖုံးလုံအောင် ဖုံးပြီး မီးရှိန် အေးအေးမှာ နာရီဝက်ခန့် ကြာအော င်နှပ်ထားပါ။
  11. ကြက်သွန်နီ အနှစ်ကျပြီး ဆီပြန်လာလျှင် သစ်သားယောင်းမဖြင့် ညှင်သာစွာ မွှေပေးပါ။
  12. ရေခမ်းပြီး ဆီပြန်နေချိန်မှ လှော်ပြီးထောင်းထားတဲ့ မဆလာ အရောကို ထည့်မွှေပါ။ အရသာ လိုအပ်ပါက ဆား၊ သကြား အနည်းငယ် ဖြင့် အရသာ ဖြည့်စွက်ပါ။
  13. အဖုံးကို လုံအောင်ပိတ်ပြီး နောက်ထပ် ၄၅ မိနစ် မှ ၁နာရီခန့် ဆက်ပြီး နှပ်ချက် ချက်ပေးပါက အတုံးမပျက်ပဲ အိနေပြီး ရနံ့သင်း နေတဲ့ ဘင်ဂေါပုံစံ ဆိတ်သား ဒိန်ချဉ်နှပ် ဆီပြန်ကို မြည်းစမ်းနိုင်ပါပြီ။
  14. ဧည့်ခံ သုံးဆောင်ခါးနီးမှ ကရဝေးရွက်၊ သစ်ကြပိုးခေါက် တို့ကို ဖယ်ထုတ်ပစ်ပါ။
  15. အချိုးအညွှန်း

ခွက်=လက်ဖက်ရည်ပန်းကန်လုံး
ဇွန်း=စားပွဲတင်ဇွန်း(ခ)ထမင်းစားဇွန်း။

Photo Credit: Indian Foods Recipe

Credit: ဟင်းချက်နည်းများ

Review

User Rating

4.1 (18 Votes)