အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ အရသာချိုချို စိမ့်စိမ့်လေးနဲ့ စားလို့ကောင်းတဲ့ သစ်ကြားသီး ပုဇွန်ကြော်နည်းလေးကို မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

သစ်ကြားသီးအတွက်

  • သစ်ကြားသီး ၃၀ စေ့
  • ဆီ
  • ရေ ၂ ခွက်
  • သကြားမှုန့် အနည်းငယ်
  • ဆားအနည်းငယ်

ပုဇွန်အတွက်

  • Mayonnaise ခွက် ၁/၄ ပုံ
  • နို့အနည်းငယ်
  • ရှလကာရည် အနည်းငယ်
  • ပျားရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

  • ဆားအနည်းငယ်
  • ပုဇွန် ၁၅ ကောင်ခန့် (အခွံနွှာပြီး ရေသေချာဆေးပါ)
  • ကော်မှုန့်ခွက် ၁/၃ ပုံ

  • ပန်းမုန်လာပွင့် အနည်းငယ်
  • ဆီ
  • ဆားအနည်းငယ်

ပြုလုပ်နည်း

အရင်ဆုံးဆီတွေကိုအပူပေးလိုက်ပါ။ ဆီပူလာရင်တော့ သစ်ကြားသီးကြော်လိုက်ပါ။ ရွှေညိုရောင်လေးသန်းလာပြီဆိုရင်တော့ ဆယ်ယူလိုက်ပြီး ဆီဆစ်ထားပါ။

ခွက်ထဲကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်း၊ သကြား၊ ဆားတို့နဲ့ရောထားလိုက်ပါ။ သစ်ကြားသီးရပြီဆိုရင်တော့ အဲဒီထဲကို ထည့်လိုက်ပါ။

အဲဒီနောက်အိုးတစ်လုံးထဲကိုထည့်လိုက်ပြီး မီးအေးအေးနဲ့ မွှေပေးလိုက်ပါ။ သစ်ကြားသီးထဲမှာ အချိုတွေစိမ့်ဝင်သွားပြီဆိုရင်တော့ ရပါပြီနော်။

အဲဒီနောက် Mayonnaise ၊ နို့၊ ရှလကာရည်နဲ့ ဆားတို့ကို ခွက်တစ်လုံးထဲရောလိုက်ပြီး ထားထားပါ။

ပုဇွန်ကို ကော်မှုန့်နဲ့ အရင်လူးပေးလိုက်ပြီးတော့ ဆီပူပူနဲ့ ကြော်ပေးလိုက်ပါ။ ပြီးရင်တော့ Mayonnaise တို့နယ်ထားတာနဲ့ ပုဇွန်ကိုထည့်နယ်လိုက်ပါ။

အိုးတစ်လုံးထဲမှာ ရေနွေးဆူအောင်တည်လိုက်ပြီး ပန်းဂေါ်ဖီကို ပြုတ်လိုက်ပါ။ ဆးထည့်၊ ဆီနည်းနည်းထည့်လိုက်ပါ။ အဲဒီနောက် ပန်းကန်တစ်လုံးထဲ ပြောင်းထည့်လိုက်ပြီး ရေအေးအေးနဲ့ စိမ်လိုက်ပါ။

အဲဒီနောက် ပန်းကန်ထဲမှာ ပန်းမုန်လာ၊ ပုဇွန်နဲ့ သစ်ကြားသီးကြော်တို့ကို အတူတူထည့်လိုက်ပြီး သုံးဆောင်လို့ရပါပြီ။

Source: www.thewoksoflife.com

By: MyFood Myanmar