ချောကလက်ကြိုက်နှစ်သက်သူများအတွက် ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ ချောကလက်လေးကတော့ မြေပဲထောပတ် ချောကလက်လုံး ပြုလုပ်နည်းပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • မြေပဲထောပတ် စားပွဲတင်ဇွန်း ၁၂ ဇွန်း
  • သကြား စားပွဲတင်ဇွန်း ၁၆ ဇွန်း
  • Vanilla Extract လက်ဖက်ရည်ဇွန်းတစ်ဝက်
  • ထောပတ် စားပွဲတင်ဇွန်း ၄ ဇွန်း
  • Dark Chocolate ၄ အောင်စ (အတုံးသေးသေး တုံးထားပါ)

  • ဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအကြီး တစ်လုံးထဲတွင် သကြား၊ မြေပဲထောပတ်နှင့် Vanilla တို့ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။

၂။ ရရှိလာတဲ့ မြေပဲထောပတ်အရောအနှောကို အလုံးသေးသေးလေးများဖြစ်သွားအောင် လုံးပေးလိုက်ပါ။ ရရှိလာတဲ့ မြေပဲထောပတ်လုံးများကို ဖယောင်းစက္ကူပေါ် တင်ထားလိုက်ပါ။

၃။ ထိုမြေပဲလုံးများကို ရေခဲသေတ္တာထဲတွင် တင်းတင်းရင်းရင်းလေးနှင့် ခဲနေအောင် အအေးခံထားလိုက်ပါ။

၄။ နောက်တစ်ဆင့်အနေနဲ့ ချောကလက်များကို အရည်ကျိုထားလိုက်ပါ။ ပြီးရင်တော့ စောစောက မြေပဲလုံးများပေါ်သို့ လောင်းချလိုက်ပါ။

၅။ ထို့နောက် ရေခဲသေတ္တာထဲတွင် တစ်ဖန်ပြန်အအေးခံထားလိုက်ပါ။

ချောကလက်များ အေးခဲသွားတဲ့အခါမှာတော့ အရသာရှိတဲ့ မြေပဲထောပတ် ချောကလက်လုံးလေး ရရှိသွားပါပြီ။

Source: Fifteenspatulas.com