ပီဇာကြိုက်သူတွေအတွက် ဒီတစ်ခါမှာတော့ အိမ်မှာ Microwave ရှိရုံနဲ့ အလွယ်တကူလုပ်စားလို့ရအောင် Mug ခွက်လေးနဲ့ တစ်ယောက်စာပီဇာ အလွယ်ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်။

Mug ခွက်ထဲကို ဂျုံမှုန့် – စားပွဲတင်ဇွန်း ၄ ဇွန်း၊ Baking Powder – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ Baking Soda – လက်ဖက်ရည်ဇွန်း တစ်ဝက်၊ ဆား – အနည်းငယ်ထည့်ပြီး မွှေလိုက်ပါ။ နွားနို့ – စားပွဲတင်ဇွန်း ၃ ဇွန်းနဲ့ သံလွင်ဆီ – စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပြီး ခရင်းနဲ့ သေချာသမအောင်မွှေပါ။

ပီဇာဆော့စ် – စားပွဲတင်ဇွန်း ၁ ဇွန်းကို ထည့်ပြီး အပေါ်ယံလေးသုတ်ပေးပါ။ အပေါ်ကနေ ချိစ်လေးတွေ တင်ပေးပါ။ ပန်းငရုပ်ပွကိုလည်း နည်းနည်းလှီးပြီး ထည့်ပေးပါ။ ပြီးရင် ကိုယ်ကြိုက်နှစ်သက်ရာ ကြက်ဥချောင်းတို့၊ နာနတ်သီးတို့ စတာတွေလည်း ထည့်လို့ရပါတယ်။

အားလုံးထည့်ပြီးရင်တော့ Microwave ထဲထည့်ပြီး ၁ မိနစ်ပဲထားပါ။

အချိန်ပြည့်ရင်ထုတ်ပြီး စားလို့ရပါပြီ။ ဒါဆိုရင်တာ့ Mug ခွက်လေးနဲ့ တစ်ယောက်စာ ပီဇာလေး ရသွားပါပြီ။

Source: www.spicebangla