ဟော့ပေါ့ဆိုင်တွေကတော့ အများကြီးရှိတာကို အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ အဲ့ဒီထဲကမှ လူကြိုက်အများဆုံး ရန်ကုန်မြို့ထဲက ဟော့ပေါ့ဆိုင် (၁၀) ဆိုင်ကို ဖော်ပြပေးလိုက်ပါတယ်။

Shwe Lar

Shwe Lar ဆိုရင်တော့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ။ လူကြိုက်အများဆုံးဟော့ပေါ့ဆိုင်လို့လည်း ပြောလို့ရပါတယ်။ သူ့ရဲ့လိပ်စာတွေကတော့ နာနတ်တောလမ်းမှာတစ်ဆိုင်၊ နဝဒေးလမ်းမှာတစ်ဆိုင်၊ သမိုင်း City Mart, City Mall, မြေနီကုန်း City Mart နဲ့ တခြားနေရာတွေမှာလည်း ဆိုင်ခွဲတွေအများကြီးရှိပါတယ်။

Shwe Kaung

Shwe Kaung ဟော့ပေါ့ကလည်း လူကြိုက်များလွန်းလို့ ပြောနေစရာတောင်မလိုတော့ပါဘူး။ မိသားစုစားပွဲတွေနဲ့ မိတ်ဆုံစားပွဲတွေလည်း ကျင်းပလို့ကောင်းတဲ့ဆိုင်ပါ။ သူ့ရဲ့ဆိုင်ခွဲလိပ်စာတွေကတော့ Junction City , People Park, Junction Maw Tin, နာနတ်တောလမ်းနဲ့ တခြားနေရာတွေမှာလည်း အများကြီးရှိပါသေးတယ်။

Jo Jo Hot Pot

Source: www.jojohotpot.com

နောက်မှပေါ်လာတာဖြစ်ပေမယ့် လူကြိုက်အရမ်းများတဲ့ ဟော့ပေါ့ဆိုင်ကတော့ Jo Jo ဟော့ပေါ့ဆိုင်ပါပဲ။ သူ့ရဲ့ဆိုင်ခွဲတွေကတော့ Junction Square, Junction 8 နဲ့ ကြည့်မြင်တိုင်တို့မှာ ဆိုင်ခွဲတွေရှိပါတယ်။

Hot Pot City

Source: www.hotpotcity8mile.com

Hot Pot City ကိုလည်း လူတိုင်းသိပြီးသားဖြစ်မှာပါ။ သူကတော့ အဝစားစနစ်ပါ။ ဆိုင်ခွဲလိပ်စာတွေကတော့ အလုံနဲ့ ၈ မိုင်မှာ ရှိပါတယ်။

O – Shabu Hot Pot

Source: www.oshabuhotpot.com

O – Shabu Hot Pot ကတော့ ဟိုအရင်ထဲက လူသိများပြီးဟော့ပေါ့ဆိုင်တစ်ဆိုင်ပါ။ သူ့ရဲ့လိပ်စာကတော့ AD မီးပွိုင့်နားက ပါရမီလမ်းမပေါ်မှာပါ။

Shwe Apple

Source: www.shweapple.com

နောက်မှပေါ်လာတာဖြစ်ပေမယ့် ဈေးတန်ပြီးအရသာကောင်းလို့ လူကြိုက်များလာတဲ့ ဟော့ပေါ့ဆိုင်ကတော့ Shwe Apple ပါပဲ။ သူ့ရဲ့လိပ်စာကတော့ စမ်းချောင်းမှာတစ်ဆိုင်၊ အင်းစိန်လမ်းမပေါ်မှာတစ်ဆိုင် ရှိပါတယ်။

Beauty In The Pot MM

Source: www.beautyinthepotmm.com

Beauty In The Pot ကတော့ ပေါ်လာတာမကြာသေးပေမယ့် လူကြိုက်များနေတဲ့ ဟော့ပေါ့ဆိုင်လို့ ပြောလို့ရပါတယ်။ သူ့ရဲ့ဆိုင်လိပ်စာလေးကတော့ ဆရာစံလမ်းမှာ တည်ရှိတာပါ။

Four Seasons Steamboat Resturant

Source: www.fourseasonssteamboatrestaurant.com

Four Seasons လို့ပြောလိုက်တာနဲ့ တော်တော်များများလည်း ကြားဖူးမှာပါ။ သူလည်း နောက်ပိုင်းမှပေါ်လာပြီး Review ကောင်းတဲ့ ဟော့ပေါ့ဆိုင်ပါပဲ။ လိပ်စာကတော့ ဝေဇယန္တာလမ်းမပေါ်မှာ တည်ရှိတာပါ။

DIY Hot Pot

Source: www.diyhotpot&bbq.com

DIY Hot Pot ဆိုလည်း လူကြိုက်များတဲ့ ဟော့ပေါ့ဆိုင်ထဲမှာ ပါပါတယ်။ သူ့ရဲ့လိပ်စာကတော့ ဝေဇယန္တာလမ်းမပေါ်မှာ တည်ရှိပါတယ်။ မကြာသေးခင်ရက်ကမှ ကြည့်မြင်တိုင်အောက်လမ်း၊ အလုံမှာလည်း ထပ်မံဖွင့်လှစ်ထားပါတယ်။

Shwe Wang Hot Pot

Source: www.shwewanghotpot.com

လူကြိုက်များတဲ့ဟော့ပေါ့ဆိုင်တွေထဲက နောက်ဆုံးတစ်ဆိုင်ကတော့ Shwe Wang Hot Pot ဆိုင်ပါ။ သူ့ရဲ့လိပ်စာတွေကတော့ ကျွန်းတောလမ်း၊ စမ်းချောင်း နဲ့ လှည်းတန်းစင်တာ မြေညီထပ်မှာ ရှိပါတယ်။

ဟော့ပေါ့ကြိုက်တဲ့ ကိုယ့်သူငယ်ချင်းတွေကိုလည်း လူကြိုက်များတဲ့ဟော့ပေါ့ဆိုင်စုစည်းမှုလေးကို လက်ဆင့်ကမ်းပေးလိုက်အုံးနော်။