ကမ္ဘာကသာမက မြန်မာက စားသုံးသူတွေရဲ့ အားပေးမှုကို ရရှိထားပြီးဖြစ်တဲ့ NESCAFÉ ကနေ ကော်ဖီသမိုင်းရဲ့ ခြေလှမ်းသစ်ကိုစတင်တဲ့အနေနဲ့ NESCAFÉ Blend & Brew ကော်ဖီအမျိုးအစားကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒီကော်ဖီရဲ့ ထူးခြားချက်ကတော့ မြန်မာနိုင်ငံက စားသုံးသူအကြိုက်နဲ့ ထပ်တူကျစေမယ့် ကော်ဖီမျိုးကို Nestle’ ရဲ့ သုတေသနစင်တာတွေမှာ နှစ်အတန်ကြာ စမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီး ပိုမိုကောင်းမွန်သင့်တော်တဲ့ ကော်ဖီနည်းပညာတစ်ခုနဲ့ တီထွင်ခဲ့တာပါ။

Nescafe - LCD at Super Market

Blend & Blew မှာ လှော်စပ်ထားတဲ့ ကော်ဖီစေ့တွေကို သာမန်ထက် ၁၀ ဆပိုမိုနုညက်အောင် ကြိတ်ချေထားပြီး တခြားပါဝင်ပစ္စည်းတွေရောစပ်ထားတဲ့အတွက် နုညက်ကောင်းမွန်တဲ့ ကော်ဖီမှုန့်အဖြစ် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ နည်းပညာဖြစ်ပါတယ်။ ကော်ဖီရဲ့ အရသာနဲ့ လှော်စပ်ထားတဲ့ ကော်ဖီရဲ့ မူလရနံ့မပျောက်ပျက်အောင် ထိန်းသိမ်းပြီး ထုတ်လုပ်ထားတာကြောင့် ပြေပြစ်မျှတတဲ့ အရသာကို ပေးစွမ်းနိုင်မှာပါ။

ကော်ဖီကို အကောင်းမွန်ဆုံးအရသာ နဲ့ ရနံ့တွေရရှိနိုင်ဖို့အတွက် အသုံးပြုထားတဲ့ကော်ဖီစေ့တွေကို Nestle’ က ကျွမ်းကျင်သူတွေက သေချာရွေးချယ်ထားတာဖြစ်ပြီး ထုတ်လုပ်တဲ့နေရာမှာလည်း နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်းထုတ်လုပ်ထားတဲ့အပြင် ဆွစ်ဇာလန်နိုင်ငံရှိ Nestle’ A.G မှ ထိန်းချုပ်ထားတဲ့ Nestle’ Quality Management System နဲ့ ကိုက်ညီမှုရှိအောင် ထုတ်လုပ်ထားတာဖြစ်ပါတယ်။

အကောင်းမွန်ဆုံး ကော်ဖီရနံ့ရရှိစေဖို့အတွက် ကော်ဖီစေ့ကို အသင့်တော်ဆုံး အပူချိန်မှာ လှော်စပ်ထားတဲ့အပြင် ပထမအကြိမ် ပုံမှန်ကြိတ်ချေမှုပြုလုပ်ပြီး ကော်ဖီရဲ့ ရနံ့အဆီအနှစ်တွေ ပိုမိုရရှိစေဖို့အတွက် ကော်ဖီစေ့ကို သာမန်ထက် ၁၀ ဆပိုမိုနုညက်အောင် ဒုတိယအကြိမ် ထပ်မံကြိတ်ချေမှုတွေပြုလုပ်ထားတာဖြစ်ပါတယ်။

Screen Shot 2017-09-03 at 10.23.23 PM

အဲဒီလိုကြိတ်ချေထားတဲ့ကော်ဖီမှုန့်တွေကို Nestle’ ရဲ့ Creamer နဲ့လွှမ်းခြုံလိုက်ပြီး ရေမှာပျော်ဝင်လွယ်တဲ့ ကော်ဖီ၊ သကြားတို့နဲ့ နောက်ဆုံးအဆင့်မှာ ရောစပ်လိုက်ပါတယ်။ ဒါ့ကြောင့် အခုအသစ်မိတ်ဆက်ထားတဲ့ Blend & Blew ကော်ဖီဟာ ပုံမှန် 3 in 1 ကော်ဖီတွေထက် ထူးခြားမှုရှိတယ်ဆိုတာကို တွေ့လိုက်တာနဲ့ ခွဲခြားသိရှိနိုင်မှာဖြစ်ပါတယ်။

ကော်ဖီဟာ ကမ္ဘာတစ်ဝှမ်းက လူအများစု အထူးသဖြင့် မြန်မာနိုင်ငံက လူအများစုရဲ့ နေ့စဉ်ဘ၀မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ကော်ဖီသောက်သုံးသူတွေရဲ့ ဘ၀ ပိုမိုကောင်းမွန်လာဖို့အတွက် နောက်ထပ်ခြေလှမ်းတစ်ခုကို စတင်တဲ့နေရာမှာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွစွာ စတင်နိုင်ဖို့ NESCAFÉ က အားဖြည့်ကူညီသွားနိုင်ဖို့ရည်ရွယ်ထားပါတယ်။

ခေတ်တွေပြောင်းလဲတိုးတက်လာနဲ့ထပ်တူ ကော်ဖီသမိုင်းရဲ့ ခြေလှမ်းသစ်ကိုလည်း NESCAFÉ က စတင်လိုက်ပြီမို့ သင့်ရဲ့ အောင်မြင်မှုခြေလှမ်းတိုင်းမှာ NESCAFÉ ကထပ်တူရှိနေမှာပါ။

ပြေပြစ်မျှတတဲ့ အရသာကို ယူဆောင်လာပေးမယ့် (၁၀) ဆ ပိုမိုနူးညံ့တဲ့ကော်ဖီ