အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အစားအစာလေးကတော့ အမဲစွပ်ပြုတ်ပူပူနွေးနွေး ချက်ပြုတ်နည်းလေးပဲဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
  • ပါးပါးလှီးထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • အမဲသား ၈ အောင်စ (၁ လက်မပတ်လည်အတုံး လှီးဖြတ်ထားပါ)
  • အမဲပြုတ်ရည် ၃၂ အောင်စ (စားပွဲတင်ဇွန်း ၆၄ ဇွန်းခန့်)
  • မုန်လာဥနီ ၂ လုံး (အချောင်းလိုက် ပါးပါးလှီးထားပါ)

  • မုန်ညှင်းထုပ် ၁ ထုပ်၏ တစ်ဝက် (ပါးပါးလှီးထားပါ)
  • မှို အနည်းငယ် (ပါးပါးလှီးထားပါ)
  • နှမ်းဆီ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ပဲပင်ပေါင် အနည်းငယ်
  • နံနံပင် အနည်းငယ်

  • ကြက်သွန်မြိတ် ၃ ပင် (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးတစ်လုံးထဲတွင် ပဲငံပြာရည်နှင့် ဂျင်းတို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် အမဲသားထည့်ကာ သမအောင် ရောနယ်လိုက်ပါ။ ထို့နောက် မိနစ်အနည်းငယ်ကြာ နှပ်ထားလိုက်ပါ။

၂။ ထိုအချိန်တွင် ဒန်အိုးတစ်လုံးထဲသို့ အမဲပြုတ်ရည်ထည့်ကာ ပွက်ပွက်ဆူလာအောင် အပူပေးပါ။

၃။ အမဲပြုတ်ရည် ပွက်ပွက်ဆူလာပါက နှပ်ထားသော အမဲသားနှင့် အရည်များကို အိုးထဲသို့ လောင်းထည့်ကာ ၂ မိနစ်ခန့် တည်ပါ။ ထို့နောက် မုန်လာဥနီ၊ မုန်ညှင်းထုပ်၊ မှိုတို့ ထည့်ပါ။

၄။ နောက်ထပ် ၂ မိနစ်ခန့် ပြုတ်ပြီပါက နှမ်းဆီနှင့် ပဲပင်ပေါင်တို့ထည့်ပါ။ နောက်ထပ် ၂ မိနစ်ခန့် ပြုတ်ပြီးပါက မီးဖိုပေါ်က ချလိုက်လို့ရပါပြီ။

ထို့နောက် နံနံပင်၊ ကြက်သွန်မြိတ်တို့ထည့်ကာ အလှဆင်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ အမဲစွပ်ပြုတ်လေး ရရှိသွားပါပြီ။ ထမင်းနဲ့ တွဲဖက်စားသုံးလို့လည်း ရသလို ခေါက်ဆွဲပြုတ်ထည့်ကာ အမဲစွပ်ခေါက်ဆွဲ အဖြစ်လည်း သုံးဆောင်နိုင်ပါတယ်။

Source: Recipes.sparkpeople.com