အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာတော့ အလုပ်များတဲ့ အိမ်ရှင်မတွေအတွက် ၁၅ မိနစ်တည်းနဲ့ အမြန်ချက်နိုင်တဲ့ ကြက်သားအချိုချက် ပြုလုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်အုံသား ၁၂ အောင်စခန့် (ပါးပါးလှီးထားပါ)
- ဟင်းသီးဟင်းရွက်ဆီ
- ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၂ ဖွန်း
- ကြက်သွန်နီ ၁ လုံး (အနေတော် အတုံးတုံးထားပါ)
- ကြက်ပြုတ်ရည် ၃၅၅ မီလီလီတာခန့်
- နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
- သကြား လက်ဖက်ရည်ဇွန်း ၁ ဝက်
- ဆား အနည်းငယ်
ပြုလုပ်နည်း အဆင့်ဆင့်
၁။ ဇလုံတစ်လုံးထဲတွင် ပါးပါးလှီးထားသော ကြက်သား၊ ဟင်းသီးဟင်းရွက်ဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနှင့် ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့ကို ရောထည့်ပြီးနောက် သမအောင် နယ်ပေးလိုက်ပါ။
၂။ ဒယ်အိုးကို အပူပေးပြီးနောက် ဆီ စားပွဲတင်ဇွန်း ၂ ဇွန်းထည့်ကာ ကြက်သားများ ထည့်ကြော်ပေးလိုက်ပါ။ ကြက်သားများ အရောင်ပြောင်းသွားပါက ပန်းကန်ထဲ ပြောင်းထည့်လိုက်ပါ။
၃။ ဒယ်အိုးထဲသို့ ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခန့် ထပ်ထည့်ပြီးနောက် ကြက်သွန်များ ထည့်ကာ တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။ ထို့နောက် အိုးထဲသို့ ကြက်ပြုတ်ရည်၊ နနွင်းမှုန့်၊ သကြားနှင့် ဆားတို့ထည့်ပြီး အရသာမြည်းကြည့်လိုက်ပါ။
၄။ ဆန်မှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းနှင့် ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ကြက်သွန်တည်ထားသော ဒယ်အိုးထဲထည့်ပြီး တစ်မိနစ်ခန့် တည်ထားလိုက်ပါ။
၅။ ကြက်သားကြော်များကို အိုးထဲထည့်ပြီး စက္ကန့် ၃၀ ခန့် မွှေပေးလိုက်ပါ
ရရှိလာတဲ့ ကြက်သားဟင်းကို ပန်းကန်ထဲပြောင်းထည့်ပြီးနောက်မှာတော့ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
Source: thewoksoflife.com