အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ သံပုရာသီးအရသာလေး စိမ့်ဝင်နေတဲ့ ပုစွန်ဟင်းလျာ ချက်ပြုတ်ပြင်ဆင်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုစွန် ၁ ပေါင်ခန့် (အခွံခွာပြီး ရေဆေးသန့်စင်ထားပါ)
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • နံနံပင် ၁ စည်း
  • ပါးပါးလှီးထားေးသာ ကြက်သွန်နီ စားပွဲတင်ဇွန်း ၅ ဇွန်း
  • ကြက်သွန်ဖြူ ၄ မြွှာ

  • သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • သံပုရာသီး တစ်ခြမ်း (အခွံကို အမှုန်လေးများရအောင် ခြစ်ထားပြီး အရည်ညှစ်ထားလိုက်ပါ)
  • ဆား အနည်းငယ်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဖျော်စက်ထဲတွင် နံနံပင်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ သံပုရာရည်၊ သံပုရာအခွံအမှုန်လေးများနှင့် ဆား အနည်းငယ်ထည့်ကာ သမအောင် မွှေဖျောပေးလိုက်ပါ။

ထို့နောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ကာ သမအောင် ထပ်ဖျော်ပေးလိုက်ပါ။

ရရှိလာတဲ့ သံပုရာရည်ဆော့စ်ကို ပန်းကန်လုံးထဲသို့ ထည့်ထားလိုကပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ပုစွန်များထည့်ကာ ၁ မိနစ်၊ ၁ မိနစ်ခွဲခန့်ကြော်ပေးလိုက်ပါ။ ပုစွန်များ ပန်းရောင်ပြောင်းသွားပါက သံပုရာရည်ဆော့စ် အနည်းငယ်ထည့်ကာ ၁ မိနစ်၊ ၂ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။

၃။ ရရှိလာတဲ့ သံပိုရာရည် ပုစွန်ကြော်ကို ပန်းကန်လုံးထဲ ထည့်ထားလိုက်ပါ။ ထို့နောက် သံပုယိုသီးစိပ်များဖြင့် လှလှပပအလှဆင်ထားလိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ သံပုရာရည်ဆော့စ် ပုစွန်ကြော်လေးများ ရရှိသွားပါပြီ။

Source: Drivemehungry.com