အားလုံးပဲ မင်္ဂလာပါ။ အသက်အရွယ်တဖြည်းဖြည်း ကြီးလာတာနဲ့အမျှ နှလုံးက အားနည်းလာတတ်ပါတယ်။ နှလုံးအားနည်းခြင်းမှ ကာကွယ်ဖို့ရန်အတွက် အိုမီဂါသရီး ဖက်တိအက်ဆစ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကို စားသုံးပေးသင့်ပါတယ်။

အိုမီဂါသရီး ဖက်တီအက်ဆစ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဆော်လမွန်ငါးက နှလုံးအားကောင်းအောင် ကူညီပေးတဲ့အတွက်ကြောင့် နေ့စဉ်မှန်မှန်စားသုံးပေးမယ်ဆိုရင်တော့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

(၁၅) မိနစ်တည်းနဲ့ ပြင်ဆင်ချက်ပြုတ်နိုင်တဲ့ ဆော်လမွန်ငါးဟင်းလေး စားရင်း နှလုံးကျန်းမာရေးကို ထိန်းသိမ်းနိုင်ဖို့အတွက် ဝေမျှပေးလိုက်ရပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ငရုတ်သီးဆော့စ် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ၃ ဇွန်းခန့်
  • သံပုယိုသီးစိပ် တစ်စိပ်
  • ကြက်သွန်မြိတ် ၁ ပင် (ပါးပါးလှီးထားပါ)

  • ဆော်လမွန်ငါး အသားလွှာ ဝ.၅ ပေါင်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ Oven ထဲထည့်မယ့် လင်ဗန်းကို ဖဲဖတ်ဖြင့် ခံထားပြီး ထိုခဲဖတ်ပေါ်တွင် ဆော်လမွန်ငါး အသားလွှာလေး တင်ထားလိုက်ပါ။

၂။ ထိုငါးအသားလွှာပေါ်သို့ ဆားဖြင့် ပွတ်တိုက်ပေးပြီးနောက် ငရုတ်ကောင်းမှုန့် ဖြူးပေးလိုက်ပါ။ ထို့နောက် ငရုတ်သီးဆော့စ်ကို အပေါ်မှ လောင်းချပေးလိုက်ပါ။

၃။ Oven ကို ၃၅၀ ဒီဂရီဖာရင်ဟိုက်ဖြင့် ကြိုတင်အပူပေးထားပါ။ ထို့နောက် ဆော်လမွန်ငါးကို Oven ထဲထည့်ကာ ၁၅ မိနစ်ခန့် ထည့်ကင်ပေးလိုက်ပါ။

၄။ (၁၅) မိနစ်ပြည့်တဲ့အခါမှာတော့ လင်ဗန်းပေါ်မှ ပန်းကန်ပြားပေါ်သို့ ပြောင်းထည့်ကာ သံပုယိုသီးလေး ညှစ်ထည့်ပေးလိုက်ပါ။

ကြက်သွန်မြိတ်လေး အနည်းငယ်ဖြူးထည့်ပေးလိုက်ပါ။

ဒါဆိုရင်တော့ အာဟာရပြည့်ဝပြီး အရသာရှိတဲ့ ဆော်လမွန်ငါးကင်လေး ရရှိသွားပါပြီ။

သူ့ချည်းပဲ သီးသန့်စားမယ်ဆိုရင်လည်း အရသာရှိသလို ထမင်းနဲ့ တွဲဖက်စားသုံးမယ်ဆိုရင်လည်း ဗိုက်ပြည့်စေမယ့် ဟင်းလျာတစ်ခွက်ပဲဖြစ်ပါတယ်။

Source: Spicetheplate.com