ဒိုးနတ်မုန့် ကြိုက်နှစ်သက်သူများအတွက် မိနစ်ပိုင်းအတွင်း မြန်မြန်ဆန်ဆန် ပြုလုပ်နိုင်တဲ့ ဒိုးနတ်လုံး အချိုပွဲ ပြုလုပ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ဂျုံမှုန့် ၁၇၆ ဂရမ်
  • မုန့်ဖုတ်ပေါင်ဒါ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
  • ဆား လက်ဖက်ရည်ဇွန်း ၄ ပုံ ၁ ပုံ
  • ထောပတ်နွားနို့ ၁၂၀ မီလီလီတာ (စားပွဲတင်ဇွန်း ၈ ဇွန်းခန့်)
  • သကြား စားပွဲတင်ဇွန်း ၄ ဇွန်း

  • အရည်ဖျော်ပြီးသား ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ဟင်းရွက်ဆီ ၅၀၀ မီလီလီတာ

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ဒယ်အိုးထဲသို့ ဆီထည့်ကာ အလယ်အလတ် မီးအပူချိန်ဖြင့် အပူပေးထားပါ။ ဆီက ၃၅၅ ဒီဂရီဖာရင်ဟိုက်အထိ ပူလာအောင် စောင့်ပါ။

၂။ ဆီပူတာကို စောင့်နေစဉ်အတောအတွင်းမှာ ဂျုံမှုန့်၊ သကြား၊ မုန့်ဖုတ်ပေါင်ဒါနှင့် ဆားတို့ကို ဇလုံအကြီးတစ်လုံးကို သမအောင် ရောနယ်ထားလိုက်ပါ။

၃။ အခြားပန်းကန်လုံးတစ်လုံးထဲတွင် ထောပတ်နွားနို့နှင့် ထောပတ်တို့ကို သမအောင် ရောမွှေလိုက်ပါ။ ရရှိလာတဲ့ ထောပတ်နွားနို့ အရောအနှောကို ဂျုံမှုန့် ဇလုံထဲသို့ ထည့်ကာ သမအောင် နယ်ပေးလိုက်ပါ။

၄။ ရရှိလာတဲ့ ဂျုံ မုန့်နှစ်များထဲမှ မုန့်နှစ် စားပွဲတင်ဇွန်း တစ်ဝက်ခန့် ယူကာ အလုံးငယ်လေးများ လုံးပေးလိုက်ပါ။ ဆီက ၃၅၅ ဒီဂရီဖာရင်ဟိုက်အထိ ရောက်သွားပြီဆိုရင်တော့ ဂျုံလုံးလေးများ ထည့်ကာ ရွှေညိုရောင် ပြောင်းသွားသည်အထိ ကြော်ပေးလိုက်ပါ။

၅။ ရွှေညိုရောင် ပြောင်းသွားသော ဂျုံလုံးလေးများကို ဆယ်ယူပြီး ဆီစစ်ထားပါ။ ထို့နောက် သကြားများ ကပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ ၁၅ မိနစ်တည်းနဲ့ ပြင်ဆင်ကြော်လှော်နိုင်တဲ့ ဒိုးနတ်လုံး အချိုပွဲလေး ရရှိသွားပါပြီ။

Source: Cookingclassy.com