အမဲသားဟင်းကို မဆလာ ထည့်ချက်ရင် အင်မတန်အရသာရှိတယ်ဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ချက်နည်း အသစ်အဆန်းလေးလည်းဖြစ်သွားအောင် အရသာအသစ်အဆန်းလေးလည်း မြည်းစမ်းကြည့်နိုင်အောင်လို့ ပျားရည် ထည့်ချက်ထားတဲ့ အမဲသားဟင်း ချက်ပြုတ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲငံပြာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း
  • ခရုဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၂ ဇွန်း
  • ရေ စားပွဲတင်ဇွန်း ၂ ဇွန်း

  • အမဲသား ၁ ပေါင် (အချောင်းလိုက် ပါးပါးလှီးထားပါ)
  • ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • မြေပဲဆီ (သို့) ဟင်းသီးဟင်းရွက်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ
  • ကြက်သွန်ဖြူ ၂ မြွှာ (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ အသေး ၁ ဥ (ပါးပါးလှီးထားပါ)

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံး အသေးတစ်လုံးထဲတွင် ပဲငံပြာရည်၊ ပျားရည်၊ ခရုဆီ၊ ဟင်းချက်ဝိုင်၊ ရေနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာပါက ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ထည့်ပြီး ၁ မိနစ်ခန့် ဆီသတ်ပါ။

၃။ ထို့နောက် အမဲသားများ ထည့်ကာ ၁ မိနစ်ခန့် မွှေကြော်ပေးလိုက်ပါ။ ထို့နောက် ပန်းကန်ပြားထဲသို့ ပြောင်းထည့်လိုက်ပါ။

၄။ မီးအပူချိန်ကို အနည်းငယ်လျော့ချပြီးနောက်မှာ အဆင့် (၁) ကပြုလုပ်ထားသော ဆော့စ်များထည့်ကာ ၁ မိနစ်ခန့်တည်ပါ။

၅။ ဆော့စ်က ပျစ်ပျစ်လေးဖြစ်သွားပြီဆိုရင်တော့ စောစောက အမဲသားကြော်များထည့်ကာ ဆော့စ်နှင့် သမအောင် ရောမွှေလိုက်ပါ။

၆။ (၁) မိနစ်၊ (၂) မိနစ်ခန့် မွှေကြော်ပြီးသွားတဲ့အခါမှာတော့ မီးဖိုပေါ်ကချလိုက်လို့ရပါပြီ။

စားခါနီးကျမှ နှမ်းစေ့အနည်းငယ်နှင့် ကြက်သွန်မြိတ်များ ဖြူးထည့်လိုက်ပါ။

ဒါဆိုရင်တော့ အရသာရှိတဲ့ ပျားရည် အမဲသားဟင်းလေး ရရှိသွားပါပြီ။

Source: Totallychefs.com