အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ဟင်းလျာလေးကတော့ ကိုရီးယားစတိုင်လ် အမဲသားစဉ်းကောကြော် ပြင်ဆင်ချက်ပြုတ်နည်းကို ဝေမျှပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • အမဲသား ၁ ပေါင် (နုပ်နုပ်စဉ်းထားပါ)
  • ပါးပါးလှီးထားသော ကြက်သွန်နီ စားပွဲတင်ဇွန်း ၄ ဇွန်း
  • ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်မြိတ် ၂ ပင် (ပါးပါးလှီးထားပါ)
  • ပြုတ်ပြီးသား ပန်းဂေါ်ဖီစိမ်း ပန်းကန်လုံး ၂ လုံး (နှမ်းစေ့ ဖြူးထားပါ)

  • ကင်ချီအနည်းငယ်
  • နှမ်းစေ့အနည်းငယ်
  • ထမင်း အနည်းငယ်

ဆော့စ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများ

  • သကြားညို စားပွဲတင်ဇွန်း ၃ ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် ပဲငံပြာရည်အနောက် စားပွဲတင်ဇွန်း ၂ ဇွန်း
  • နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း
  • ကြက်သွန်ဖြူ ၂ မြွှာ (နုပ်နုပ်စဉ်းထားပါ)နှင့် နုပ်နုပ်စဉ်းထားသော ဂျင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ငရုတ်သီးမှုန့် စားပွဲတင်ဇွန်း တစ်ဝက်နှင့် ငရုတ်သီးနှစ် စားပွဲတင်ဇွန်း တစ်ဝက်

ပြုလုပ်နည်း အဆင့်ဆင့်

၁။ ပန်းကန်လုံးအသေးတစ်လုံးထဲတွင် သကြားညို၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်နှင့် ငရုတ်သီးအနှစ်တို့ကို သမအောင် ရောမွှေထားလိုက်ပါ။

၂။ ဒယ်အိုးကို အပူပေးကာ ဆီထည့်ပါ။ ဆီပူလာပါက အမဲသားများထည့်ကာ ကျက်သွားသည်အထိ ကြော်ပေးလိုက်ပါ။

အမဲသားများ ကျက်သွားပြီဆိုရင်တော့ ကြက်သွန်နီနှင့် အဆင့် (၁) က ပြုလုပ်ထားသော ဆော့စ်များ လောင်းထည့်ကာ သမအောင် ၂ မိနစ်၊ ၃ မိနစ်ခန့် မွှေကြော်လိုက်ပါ။

အရသာအပေါ့အငန်မြည်းကြည့်ပြီးနောက်မှာတော့ မီးဖိုပေါ်က ချခါနီးကျမှ ကြက်သွန်မြိတ်လေး ဖြူးထည့်လိုက်ပါ။

၃။ ဒါဆိုရင်တော့ ကိုရီးယားစတိုင်လ် အမဲသားစဉ်းကောကြော်လေး ရရှိသွားပါပြီ။ ထမင်းပန်းကန်လုံးထဲတွင် အမဲသားစဉ်းကောအနည်းငယ်၊ ပန်းဂေါ်ဖီစိမ်းနှင့် ကင်ချီတို့ ထည့်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။

Source: Drivemehungry.com